Africa & Middle East
နီပေါနိုင်ငံရှိ ကျေးရွာတစ်ခုတွင် မီးအကြီးအကျယ် လောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၈၇ လုံး ပျက်စီးဆုံးရှုံး
ခတ္တမန္ဒူ၊ ဒီဇင်ဘာ ၂၅ ရက်(ဆင်ဟွာ)
နီပေါနိုင်ငံ အနောက်ပိုင်း Kalikot ခရိုင်ရှိ ကျေးရွာတစ်ခုတွင် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ အနည်းဆုံး ၈၇ လုံး ပျက်စီးခဲ့ပြီး လူ ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားသည့် ကျေးရွာသည် မြို့တော် ခတ္တမန္ဒူနှင့် ၄၀၀ ကီလိုမီတာခန့် ကွာဝေးကြောင်း ၊ လူနေအိမ်တစ်အိမ်မှမီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အနီးရှိ အိမ်ခြေများကို လျှင်မြန်စွာ ကူးစက်ခဲ့ကြောင်း ၊ ရွာသားများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက နာရီနှင့်ချီပြီး မီးငြိမ်းသတ်မှုများ အစွမ်းကုန် ပြုလုပ်ခဲ့သော်လည်း ရာသီဥတုခြောက်သွေ့ခြင်း၊လေပြင်းခြင်းကြောင့် အပြည့်အ၀ မထိန်းချုပ်နိုင်သေးကြောင်း Kalikotခရိုင် အုပ်ချုပ်ရေးမှူးKarkiက ဆင်ဟွာကို ဖုန်းဖြင့် ပြောကြားခဲ့ သည်။
နီပေါနိုင်ငံ၌ လွန်ခဲ့သောနှစ်အတွင်း မီးလောင်ကျွမ်းမှု ၂၄၁၄ ခု ဖြစ်ပွားခဲ့ရာ လူပေါင်း ၈၇ ဦးသေဆုံးပြီး မိသားစုပေါင်း ၃၄၆၀ ခန့် မီးဘေးသင့်ခဲ့ကြောင်း ၊ ဆုံးရှုံးနစ်နာမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၄၀ ခန့်ရှိကြောင်း နီပေါနိုင်ငံ အရေးပေါ်ကူညီကယ်ဆယ်ရေးစင်တာ သတင်းဝက်ဘ်ဆိုက် ၏စာရင်းများအရ သိရသည်။ (Xinhua)