Connect with us

Africa & Middle East

ဆီးရီးယားမှ အမေရိကန်စစ်တပ်ရုပ်သိမ်းခြင်းသည် အီရတ်အတွက် အနုတ်လက္ခဏာသက်ရောက်မှုရှိသည်ဟု အီရတ်ဝန်ကြီးချုပ်က ဆို

အီရတ်ဝန်ကြီးချုပ်Adel Abdul Mahdiအား တွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက်၊ ဒီဇင်ဘာ ၂၅ ရက်(ဆင်ဟွာ)

ဆီးရီးယားမှ အမေရိကန်စစ်တပ်ရုပ်သိမ်းခြင်းသည် အီရတ်အတွက် အနုတ်လက္ခဏာသက်ရောက်မှု ရှိသည်ဟု အီရတ်ဝန်ကြီးချုပ် Adel Abdul Mahdiက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ဆီးရီးယားမှ စစ်တပ်ရုပ်သိမ်းမည့် အမေရိကန်၏ဆုံးဖြတ်ချက်မှာ အီရတ်ကို တိုက်ရိုက်သက်ရောက်မှု ရှိကြောင်း ၊ စစ်တပ်ရုပ်သိမ်းသွားပါက ဆီးရီးယား၏လုံခြုံရေးအခြေအနေ ပိုမိုတင်းမာလာနိုင်ပြီး ဒုက္ခသည်များ အလုံးလိုက်အရင်းလိုက် အီရတ်ကို ပြုံကျလာနိုင်သည့်အပြင် အကြမ်းဖက်သမားများက လည်း ဆီးရီးယားမှ အီရတ်နယ်နမိတ်အတွင်းကို စိမ့်ဝင်ရောက်လာနိုင်ကြောင်း ၊ ထိုအနုတ်လက္ခဏာ သက်ရောက်မှုများကို ကာကွယ်ရန် အီရတ်အနေဖြင့် ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်ကြောင်း အီရတ်ဝန်ကြီးချုပ် Adel Abdul Mahdiက ဝန်ကြီးအဖွဲ့အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိ ဆီးရီးယားတွင် အမေရိကန် တပ်ဖွဲ့ဝင် ၂၀၀၀ ခန့်ရှိကြောင်း သိရသည်။ ဆီးရီးယားရှိ IS အစွန်းရောက်အဖွဲ့အား တိုက်ခိုက်ချေမှုန်းရာတွင် အောင်မြင်မှုများရရှိခဲ့သောကြောင့် စစ်တပ်ရုပ်သိမ်း ရခြင်း ဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော်က ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.