Africa & Middle East
နောက်ဆုံးမဲရလဒ်များအရ ၅ ကြိမ်မြောက် အစ္စရေးဝန်ကြီးချုပ်အဖြစ် နေတန်ယာဟု ပြန်လည်ရွေးကောက်ခံရ

ဂျေရုဆလင်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)
အစ္စရေးနိုင်ငံ ရွေးကောက်ပွဲ၏ တရားဝင်မဲရလဒ်များကို ဧပြီ ၁၁ရက်ညပိုင်းက ထုတ်ပြန်ခဲ့ရာ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု (Benjamin Netanyahu) ၏ပါတီက အဓိက ပြိုင်ဘက် Blue and White ပါတီကို အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ကွန်ပြူတာစနစ်ချို့ယွင်းမှုကြောင့် နှောင့်နှေးခဲ့ရပြီး မဲအရေအတွက်များအား ၂ရက်တာ ရေတွက်ခဲ့ပြီးနောက် ဗဟိုရွေးကောက်ပွဲကော်မတီက နောက်ဆုံးရလဒ်များကို ထုတ်ပြန်ခဲ့ကြောင်း ကော်မတီဥက္ကဋ္ဌ Judge Hanan Melcer က ပြောကြားခဲ့သည်။
နေတန်ယာဟု ၏ လက်ယာစွန်း လီကွတ် (Likud) ပါတီသည် လွှတ်တော်၌ အမတ်နေရာ ၃၆ခု ရရှိခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးဆောင်သည့် Blue and White ပါတီ က အမတ်နေရာ ၃၅ခု ရရှိခဲ့ကြောင်း မဲရလဒ်များအရ သိရသည်။ (Xinhua)