Connect with us

Africa & Middle East

ဥပဒေပြုအမတ်နှင့် လုံခြုံရေးပုဂ္ဂိုလ်များ သတ်ဖြတ်ခံရမှုကို အိန္ဒိယဝန်ကြီးချုပ် ပြစ်တင်ရှုတ်ချ

အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် နာရန်ဒါမိုဒီအားတွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ချတ်တီးစဂတ်ပြည်နယ်(Chhattisgarh) အလယ်ပိုင်း၌ ဧပြီ ၉ရက်က ပြည်နယ်ဥပဒေပြု အမတ်တစ်ဦး သတ်ဖြတ်ခံရမှုကို အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒါမိုဒီ Narendra Modiက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပြီး စွန့်လွှတ်အနစ်နာခံမှုများသည် အလကားဖြစ်မသွားကြောင်း ပြောကြားခဲ့သည်။

ချတ်တီးစဂတ်(Chhattisgarh)ပြည်နယ် Dantewada ခရိုင်အတွင်း ဥပဒေပြုအမတ်ကို ပစ်မှတ်ထားပြီး Naxalsလက်နက်ကိုင် သူပုန်များက ဖောက်ခွဲရေးပစ္စည်းများအသုံးပြုပြီး တိုက်ခိုက်မှုကြောင့် လုံခြုံရေးပုဂ္ဂိုလ် ငါးဦးနှင့်အတူ နိုင်ငံ၏ အတိုက်အခံပါတီ (BJP)၏ ဥပဒေပြုအမတ် Bheema Mandavi အသတ်ခံခဲ့ရကြောင်း သိရသည်။

“ချတ်တီးစဂတ်ပြည်နယ်အတွင်း တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပါတယ်၊ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့တဲ့ လုံခြုံရေးပုဂ္ဂိုလ်များကို ချီးကျူးဂုဏ်ပြုပါတယ်၊ စွန့်လွှတ်အနစ်နာခံခဲ့တဲ့ အာဇာနည်တွေဟာ အလကားမဖြစ်ပါဘူး”ဟု ဝန်ကြီးချုပ်က ၎င်း၏ တွမ်တာတွင် ပြောကြားခဲ့သည်။

နိုင်ငံ၏ အတိုက်ခံပါတီ BJPပါတီ၏ ဥပဒေပြုအမတ် Bhima Mandaviသေဆုံးမှုနှင့် ပတ်သက်ပြီး အထောက်အပံ့များနှင့် ၎င်း၏ မိသားစုကို ဝမ်းနည်းကြောင်းပြောကြားခဲ့ပြီး ၎င်း၏ သေဆုံးမှုက အလွန်ဝမ်းနည်းဖွယ်ဖြစ်ကြောင်း၊လုံ့လဝိရိယရှိပြီး ရဲရင့်သည့် Bhima Mandaviအမတ်သည် ချတ်တီးစဂတ်ပြည်နယ်ရှိ လူအများအတွက် ကြိုးကြိုးစားစား တာဝန်ထမ်းဆောင်ခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောခဲ့သည်။

ဗဟိုအရံရဲတပ်ဖွဲ့(CRPF)၏ အပျော်တမ်းတပ်ဖွဲ့ဝင်များအား အခြေအနေကို ထိန်းသိမ်းရန်အတွက် အမြန်စေလွှတ်ခဲ့ကြောင်း နောက်ဆုံး အစီရင်ခံစာသတင်းများအရ သိရသည်။(Xinhua)