Africa & Middle East
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဆေးရုံ၌ ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုကြောင့် လူ ၃၀ ဦး သေဆုံး၊ ၅၀ ဦး ဒဏ်ရာရ
အစ္စလာမ်မာဘတ်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Quetta မြို့ရှိ ဆေးရုံ တစ်ခု၌ သြဂုတ်လ ၈ ရက် နံနက်ပိုင်းက ပေါက်ကွဲ မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃၀ ဦး သေဆုံးခဲ့ပြီး လူ ၅၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ Urdu မီဒီယာက သတင်းတင်ပြထား သည်။
Geo News ၏ သတင်းတင်ပြချက်အရ အဆိုပါ ပေါက်ကွဲမှုသည် ဒေသဆိုင်ရာ ဥပဒေ အသင်း ဥက္ကဋ္ဌ၏ ရုပ်အ လောင်းအား နိုင်ငံ အနောက်မြောက်ပိုင်း Balochistan ပြည်နယ်၏ မြို့တော် Quetta ပြည်သူ့ဆေးရုံသို့ သယ် ဆောင်လာစဉ် ဒေသစံတော်ချိန် နံနက် ၉း၅၀ နာရီ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်း ပေါက်ကွဲမှုသည် ဆေးရုံ၏ အရေးပေါ်ဋ္ဌာန ပြင်ပ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
လုပ်ကြံခံရသူ ရှေ့နေ ဘီလယ် ကာစီသည် ၎င်း၏ကားဖြင့် ရုံးခန်းသို့ အသွား Quetta မြို့ရှိ မန်နိုဂျန်းလမ်း အ ရောက် အမည်မသိ သေနတ်သမား တစ်ဦးက လုပ်ကြံခဲ့သည်။ ၎င်းအား လုပ်ကြံပြီးနောက် သေနတ်သမားက ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ဆေးရုံ ပေါက်ကွဲမှု၌ သေဆုံးသူများထဲတွင် ဒေသခံ တီဗီ ချန်နယ် ကင်မရာသမား တစ်ဦး ပါဝင်ခဲ့ပြီး ဒဏ်ရာရ သူများထဲတွင်မူ သတင်းထောက်များ၊ ရှေ့နေများနှင့် ဆေးရုံဝန်ထမ်းများ ပါဝင်ကြောင်း သိရသည်။
မီဒီယာများအဆိုအရ ထို ပေါက်ကွဲမှုသည် အသေခံ ဗုံးဖောက်ခွဲသူ တစ်ဦးက ဖောက်ခွဲခြင်း ဖြစ်ကြောင်း ဖော်ပြ ထားသော်လည်း တရားဝင် အတည်ပြုချက် မထုတ်ပြန်ထားသေးသလို မည်သည့်အဖွဲ့ကမျှ ဖောက်ခွဲမှု ပြုလုပ် ကြောင်း ပြောကြားထားခြင်း မရှိသေးပေ။
ယင်း တိုက်ခိုက်မှုအတွက် ဘလူးချိစတန်ပြည်နယ် ဝန်ကြီးချုပ် Sanaullah Zehri က ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ယင်းဒေသရှိ ရှေ့နေများသည် တရားရုံး၏ လုပ်ထုံးလုပ်နည်းများအား သပိတ်မှောက်ခဲ့ကြသည်။ (Xinhua)