Connect with us

Africa & Middle East

ရေဒါမှပျောက်ကွယ်သွားသည့် အယ်လ်ဂျီးရီးယားလေယာဉ် အယ်လ်ဂျီးရီးယားသို့ ဘေးကင်းစွာ ပြန်လည် ဆင်းသက်နိုင်ခဲ့

Air Algerie ပိုင် ဘိုးရင်း ၇၃၇-၆၀၀ အမျိုးအစား ခရီးသည်တင်လေယာဉ်တစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အယ်လ်ဂျီးရီးယား၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

အယ်လ်ဂျီးရီးယားလေယာဉ်တစ်စီးသည် သြဂုတ် ၆ ရက်က ပြင်သစ်နိုင်ငံ Marseille မြို့သို့ ဦးတည် ပျံသန်းနေစဉ် စက်ပိုင်းဆိုင်ရာချို့ယွင်းမှု ဖြစ်ပေါ်ခဲ့၍ မက်ဆီးဒိုးနီးယားပင်လယ် အလယ်လောက်ခန့်မှ အယ်လ်ဂျီးရီးယားနိုင်ငံသို့ ယူ- ပုံသဏ္ဍာန် ပြန်ကွေ့ခဲ့ရကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။

နိုင်ငံပိုင်လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Air Algerie ပိုင် ဘိုးရင်း ၇၃၇-၆၀၀ ခရီးသည်တင်လေယာဉ် သည် အယ်လ်ဂျီးရီးယား အပြည်ပြည်ဆိုင်ရာလေဆိပ် မှ ထွက်ခွာလာပြီး နာရီဝက်အကြာတွင် စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ဖြစ်ပေါ်လာကြောင်း Air Algerieလေကြောင်းလိုင်း ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်ကို ကိုးကား၍ TSA သတင်းဝက်ဘ်ဆိုက် ၌ဖော်ပြခဲ့သည်။
သတင်း၌ လေယာဉ်သည် ယူ- ပုံသဏ္ဍာန် ပြန်ကွေ့ခဲ့ပြီးနောက် အယ်လ်ဂျီးရီးယား အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဘေးကင်းစွာဆင်းသက်နိုင်ခဲ့ပြီး လေယာဉ်ပေါ်၌လိုက်ပါလာကြသည့် ဝန်ထမ်းများနှင့် ခရီးသည်အားလုံး ဘေးကင်းလုံခြုံမှုရှိကြောင်း ဖော်ပြခဲ့သည်။
လေဆိပ်မှ လေယာဉ်ထွက်ခွာပြီး နာရီဝက်အကြာတွင် လေယာဉ်ဝန်ထမ်းတစ်ဦးက ချို့ယွင်းမှု တစ်ခု ဖြစ်ပေါ်နေကြောင်း သတင်းပေးပို့ခဲ့ပြီးနောက် လေယာဉ်သည် ရေဒါမှ ပျောက်ကွယ်သွားခဲ့ကြောင်း ရေဒါအချက်အလက်ကို ကိုးကား၍ ပြည်ပ သတင်းမီဒီယာများက ဖော်ပြသည်။
သို့သော် Air Algerieလေကြောင်းလိုင်း ပြောရေးဆိုခွင့်ရှိသူ က လေယာဉ် ရေဒါမျက်နှာပြင်မှ ပျောက်ကွယ် သွားခြင်းနှင့်ပတ်သက်၍ ငြင်းဆိုထားပြီး လေယာဉ်မှူးသည် လေယာဉ် ၌ ပုံမှန်မဟုတ်သည့် အခြေအနေတစ်ခု ဖြစ်ပေါ်နေကြောင်း တွေ့ရှိခဲ့၍ ဘေးကင်းစေရန်အတွက် အယ်လ်ဂျီးရီးယားသို့ ပြန်လှည့်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ၂နှစ်ကလည်း Air Algerieလေကြောင်းလိုင်းက Spanish Swift Air လေကြောင်းလိုင်းထံမှ ငှားရမ်းထားသည့် ဘာကီနာဖာဆိုနိုင်ငံမှ အယ်လ်ဂျီးရီးယားနိုင်ငံသို့ ပျံသန်းနေသော လေယာဉ်တစ်စီးသည် လေဆိပ်မှ ထွက်ခွာလာပြီးနောက် မိနစ် ၅၀ ခန့် ရေဒါမှ ပျောက်ကွယ်သွားခဲ့ကြောင်း သိရသည်။
ရေဒါမှ ပျောက်ကွယ်သွားသည့် ယင်း AH 5017 လေယာဉ်သည် မာလီနိုင်ငံ၌ ပျက်ကျခဲ့ခြင်းဖြစ်ကာ လေယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည် ၁၁၆ဦးစလုံးသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117