Connect with us

Africa & Middle East

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဆေးရုံ၌ ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတွင် သေဆုံးသူ ၉၃ ဦးအထိ ရှိလာ

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဆေးရုံ ပေါက်ကွဲမှုတွင် ဒဏ်ရာရသူ တစ်ဦးအား သယ်ဆောင်လာစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဆေးရုံ တစ်ခု၏ ပြင်ပလူနာဋ္ဌာနအတွင်း သြဂုတ်လ ၈ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတွင် သေဆုံးသူ အရေအတွက်မှာ ၉၃ ဦး အထိ ရှိလာပြီ ဖြစ်ကြောင်း ပြည်နယ် ကျန်းမာရေး ဝန်ကြီးက ပြောကြားလိုက်သည်။

ဗုံးရှင်းလင်းရေး တပ်ဖွဲ့၏ ပြောကြားချက်အရ အသေခံ ဗုံးဖောက်ခွဲခဲ့သူသည် ၎င်း၏ အင်္ကျ ီအတွင်း ဖောက်ခွဲရေး ပစ္စည်း အနည်းဆုံး ၈ ကီလိုဂရမ်မှ ၁၀ ကီလိုဂရမ်အထိ သယ်ဆောင်ကာ ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း၊ အခင်း ဖြစ်ပွားရာနေရာ၌ ဗုံးဖောက်ခွဲသူ၏ ခြေလက်အင်္ဂ ါများ တွေ့ရှိခဲ့ကြောင်း၊ စုံစမ်းမှုများ လုပ်ဆောင်နိုင်ရန် ဓာတ်ခွဲခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ဆေးရုံတွင် ပေါက်ကွဲမှု ဖြစ်နေစဉ်တွင် ယင်းနေရာ၌ ရှေ့နေများ၊ သတင်းထောက်များ စုဝေးရောက်ရှိနေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူများထဲတွင် သတင်းထောက် နှစ်ဦးနှင့် ရှေ့နေ အများအပြား ပါဝင်ခဲ့ကြောင်းနှင့် ယင်း ဖြစ်ရပ်ကြောင့် အဆိုပါ ပြည်နယ်တွင် သုံးရက်တာ ကြေကွဲဝမ်းနည်းဖွယ်နေ့ အဖြစ် ကြေညာလိုက် ကြောင်း ဘလူချိစတန် ပြည်နယ် ဝန်ကြီးချုပ် Sanaullah Zehri က ပြောသည်။
ပြည်နယ်ဆိုင်ရာ ကျန်းမာရေး ဝန်ကြီး Rahmat Baloch က ပေါက်ကွဲမှုကြောင့် ဆေးရုံ၏ ပြင်ပလူနာ ဋ္ဌာနသည် လုံးဝ ပျက်စီးသွားခဲ့ကြောင်း၊ ဒဏ်ရာရသူများအား အကောင်းဆုံး ဆေးကုသမှု ပေးနိုင်ရန်အတွက် ယင်း မြို့ရှိ ဆေးရုံများအားလုံးကို အရေးပေါ်အဆင့် ကြေညာထားကြောင်း ပြောကြားခဲ့သည်။
ဘလူချိစတန် ရှေ့နေများကောင်စီ ဥက္ကဋ္ဌ ရှေ့နေ ဘီလယ် ကာစီကိုလည်း သြဂုတ်လ ၈ ရက် နံနက်ပိုင်းက ၎င်း၏ကားဖြင့် ရုံးခန်းသို့ အသွား Quetta မြို့ရှိ မန်နိုဂျန်းလမ်း အရောက် အမည်မသိ သေနတ်သမား တစ်ဦးက လုပ်ကြံခဲ့သည်။ ၎င်းအား လုပ်ကြံပြီးနောက် သေနတ်သမားက ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ယခုလို အသေခံ ဗုံးဖောက်ခွဲမှုသည် နိုင်ငံအတွင်း ရှေ့နေများ၏ လုပ်ဆောင်မှုအား ကျေနပ်မှု မရှိသည့်အတွက် တုံ့ပြန်ရာမှ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.