Connect with us

Africa & Middle East

တရုတ်က ဖောက်လုပ်နေသည့် ရထားလမ်းသည် အာဖရိကပူးပေါင်းဆောင်ရွက်ရေးအတွက် စံနမူနာကောင်းဟု ဝမ်ရိပြော

ကင်ညာသမ္မတ Uhuru Kenyatta (ယာ) နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ(ဝဲ) တို့အား နိုင်ရိုဘီမြို့၌ သြဂုတ်လ ၁ဝ ရက်တွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

နိုင်ရိုဘီ ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အာဖရိကနိုင်ငံများကို ဖြတ်၍ ဖောက်လုပ်နေသော ရထားလမ်းမှာ စက်မှုကဏ္ဍ စွမ်းဆောင်ရည်မြင့်မားစေရန် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာကောင်း တစ်ခုဖြစ်ကြောင်း ကင်ညာနိုင်ငံသို့ရောက်ရှိနေသည့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက သြဂုတ် ၁ဝ ရက်တွင် ပြောကြားလိုက်သည်။

ကင်ညာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Amina Mohamed နှင့်ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ နိုင်ရိုဘီ-မွမ်ဘဇာ ရထားလမ်းပိုင်းသည် စံနမူနာကောင်းတစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်သည်။
အဆိုပါရထားလမ်းမှာ တရုတ်အစိုးရထောက်ပံ့ငွေဖြင့် တရုတ်ကုမ္ပဏီတစ်ခုမှ တာဝန်ယူဖောက်လုပ်နေခြင်းဖြစ်ပြီး ကင်ညာနိုင်ငံဆိပ်ကမ်းမြို့မွမ်ဘဇာ မှ မြို့တော် နိုင်ရိုဘီသို့ဆက်သွယ်ပေးမည်ဖြစ်သည်။ ထို့ပြင် ကင်ညာနိုင်ငံ အနောက်ပိုင်း နယ်စပ်ထိ တိုးချဲ့ဖောက်လုပ်သွားရန် ရှိကြောင်းသိရသည်။
ခေတ်မီရထားလမ်းကို တရုတ်နိုင်ငံမှ ဆောက်လုပ်ရေးကိရိယာများကို အသုံးပြု၍ တရုတ် စံချိန်စံညွှန်းအတိုင်း ဖောက်လုပ်သွားမည်ဖြစ်ကြောင်း ဝမ်ရိ ကဆိုသည်။ “ ရှေ့နှစ်မှာ ပြီးလိမ့်မယ်။ ကုန်ကျစရိတ် ကိုက်ညီမှုအရှိဆုံး ၊ အရည်အသွေးအမြင့်ဆုံး နဲ့အဆင့်အတန်းအမြင့်ဆုံး ရထားလမ်းတစ်ခု ဖြစ်လာမှာပါ” ဟု ၎င်းကဆိုသည်။
အဆိုပါ ရထားလမ်းသည် ကင်ညာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း နှင့် တရုတ်-ကင်ညာပူးပေါင်းဆောင်ရွက်မှု၏ အသီးအပွင့်တစ်ခုဖြစ်ကြောင်း ဝမ်ရိက ပြောသည်။
ရထားလမ်းဖောက်လုပ်ရေးစီမံကိန်းတွင် ဒေသခံ ၄ သောင်းကျော်အား အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးခဲ့ကြောင်း ၊ ၎င်းတို့ထဲမှ ၂ သောင်းကျော်ကို လုပ်ငန်းခွင်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများပို့ချပေးခဲ့ကြောင်း ၊ ကင်ညာနိုင်ငံပြည်တွင်းထုတ်လုပ်မှုတန်ဖိုး(GDP) ၏ ၁.၅ ရာခိုင်နှုန်းထိ ပါဝင်အကျိုးပြုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။
ရထားလမ်းတစ်လျှောက်တွင် တောရိုင်းတိရစ္ဆာန်များဖြတ်သန်းသွားလာရန်အတွက် နေရာ ၁၄ ခုကို ဖန်တီးထားပေးကြောင်း ၊ တရုတ်နိုင်ငံသည် အာဖရိကတိုက်ရှိ နိုက်ဂျီးရီးယား ၊ အင်ဂိုလာ နှင့် Addis Ababa နှင့် Djiboutiဆိပ်ကမ်းကို ဆက်သွယ်ပေးသည့် ရထားလမ်းပိုင်းများကိုလည်း ဆောက်လုပ်ပေးခဲ့ကြောင်း ဝမ်ရိကဆိုသည်။ (Xinhua)