Africa & Middle East
ဗြိတိန်မှ ပြည်နှင်ဒဏ်ပေးလိုက်သည့် နိုင်ဂျီးရီးယားနိုင်ငံသား ၄၁ဦး မိခင်နိုင်ငံသို့ ပြန်ရောက်လာ

လာဂို့စ်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)
ဗြိတိန်နိုင်ငံ မှ ပြည်နှင်ဒဏ်ပေးခံရသည့် ၄၁ဦးထက်မနည်းသော နိုင်ဂျီးရီးယားနိုင်ငံသားများသည် ဖေဖော်ဝါရီ ၁ ရက် က စင်းလုံးငှားလေယာဉ်ဖြင့် လာဂို့စ်မြို့ရှိ Murtala Muhammed အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အမျိုးသား အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဋ္ဌာန ညွှန်ကြားရေးမှူးချုပ် Muhammad Sidi က ပြည်နှင်ခံပေးခံရသည့် နိုင်ဂျီးရီးယားနိုင်ငံသားများမှာ အမျိုးသား ၃၃ဦး နှင့် အမျိုးသမီး ၈ဦး ဖြစ်ပြီး ဒေသစံတော်ချိန် နံနက် ၈နာရီတွင် လာဂို့စ်မြို့သို့ရောက်ရှိလာခြင်းဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
၎င်း က နိုင်ဂျီးရီးယားနိုင်ငံသားများသည် အမျိုးမျိုးသော ပြည်ဝင်ခွင့်ဥပဒေများကို ချိုးဖောက်ခဲ့၍ ပြည်နှင်ဒဏ်ခံရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
ပြည်နှင်ဒဏ်ခံနိုင်ငံသားများ နိုင်ငံမှ ထွက်ခွာသွားကတည်းက နိုင်ဂျီးရီးယားသည် အစီအစဉ်များ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း နှင့် ယခုလက်ရှိအစိုးရလက်အောက်တွင် ပြည်သူအားလုံး တန်းတူအခွင့်အရေးခံစားခွင့်ရှိကြောင်း ၎င်းကပြောကြားခဲ့သည်။
Sidi က ပြည်နှင်ဒဏ်ခံနိုင်ငံသားများအား ၎င်းတို့၏ နေရပ်သို့ပြန်နိုင်ရန် ထောက်ပံ့ငွေများ ထုတ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)