Connect with us

Africa & Middle East

အီရန် က ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှု ပြုလုပ်ခဲ့ကြောင်း အီရန် နိုင်ငံ ကာကွယ်ရေးဝန်ကြီး အတည်ပြု

အီရန် နိုင်ငံ စစ်ရေးပြ အခမ်းအနား တစ်ခု မှ ဒုံးကျည် တစ်စင်း အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

အီရန် နိုင်ငံ ကာကွယ်ရေးဝန်ကြီး Dehghan က အီရန် နိုင်ငံ စစ်ဘက်ဆိုင်ရာ သည် လက်တလော ရက်ပိုင်းအတွင်း ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှု ဆောင်ရွက်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁ ရက် တွင် အတည်ပြု ပြောကြား ခဲ့သည်။

သတင်းမီဒီယာ များ၏ ဖော်ပြချက်တွင် Dehghan က ယခု အကြိမ် ဒုံးကျည် စမ်းသပ် ပစ်လွှတ်ခြင်းသည် အီရန် နိုင်ငံ အမျိုးသား အကျိုးစီးပွား ကို ကာကွယ်ရန် အတွက် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အီရန် နိုင်ငံ စစ်ဘက်ဆိုင်ရာ ကာကွယ်ရေး ပစ္စည်များ၏ အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း ၊ ဒုံးကျည် စမ်းသပ် ပစ်လွှတ်ခြင်းသည် အီရန်နျူးကလီးယား သဘောတူညီချက် ကို ဆန့်ကျင်ရာမရောက်ကြောင်း ၊ အီရန် နိုင်ငံ ၏ အစီအစဉ် နှင့် ဆုံးဖြတ်ချက်များ သည် ပြည်ပနိုင်ငံ ၏ မည်သည့်ဝင်ရောက်စွက်ဖက်မှုကြောင့် မဆို ပြောင်းလဲ သွားမည် မဟုတ်ကြောင်း ဖော်ပြခဲ့သည်။

Dehghan အနေဖြင့် ယခု အကြိမ် ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှု ၏ အသေးစိတ် အချက်အလက် များကို ပြောကြား ခြင်း မရှိခဲ့သော်လည်း ပြည်ပ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ အီရန် နိုင်ငံ သည် ဇန်နဝါရီ ၂၉ ရက်နေ့ က ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှု ကို ပြုလုပ်ခဲ့ပြီး ဒုံးကျည် အမျိုးအစား မှာ တာလတ်ပစ် ဒုံးကျည် အမျိုးအစား ဖြစ်ကြောင်း ၊ တီဟီရန် နှင့် ၂၂၅ ကီလိုမီတာ အကွာအဝေး တွင် စမ်းသပ် ပစ်လွှတ်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။

အီရန် နိုင်ငံ သည် ပြီးခဲ့သည့် နှစ်တွင် ဒုံးကျည် စမ်းသပ်မှုများစွာ ပြုလုပ်ခဲ့သောကြောင့် အနောက်နိုင်ငံ များ၏ ဝေဖန်မှုများကို ခံခဲ့ရသည်။ အနောက်နိုင်ငံများက အီရန် နိုင်ငံ ၏ ဒုံးကျည် စမ်းသပ် ပစ်လွှတ်ခြင်းသည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို ဆန့်ကျင်ရာရောက်ကြောင်း ဝေဖန် ခဲ့ကြသည်။ သို့သော် အီရန် နိုင်ငံ က အီရန် နိုင်ငံ အနေဖြင့် ကာကွယ်ရေး လက်နက် များ တီထွင် ထုတ်လုပ် ပိုင်ခွင့်ရှိပြီး ဒုံးကျည် စမ်းသပ် ပစ်လွှတ်ခြင်းသည်လည်း နျူးကလီးယား လက်နက် နှင့် သက်ဆိုင်မှု မရှိကြောင်း တုန့်ပြန် ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.