Africa & Middle East
မော်ရိုကိုတွင် စိတ်မနှံ့သည့် အမျိုးသားမှ မိသားစုဝင် ၄ဦးအား သတ်ဖြတ်
![မော်ရိုကို ရဲတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)](https://xinhuamyanmar.com/wp-content/uploads/2018/01/images_world_2018_01_26f1.jpg)
ရာဘတ်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)
မော်ရိုကိုနိုင်ငံ မြောက်ပိုင်း Tetouan မြို့ တွင် ဇန်နဝါရီ ၂၅ရက်က အမျိုးသားတစ်ဦးမှ ၎င်း၏ မိသားစုဝင် လေးဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
တရားခံသည် ၎င်း၏ မိခင်၊ ညီမ နှင့် တူ ၂ဦး ကို ၎င်းတို့၏ နေအိမ်၌ ဓါးဖြင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏အခြား ညီမတစ်ဦးကိုလည်း ဒဏ်ရာရစေခဲ့ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။
ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၅ရက်နှောင်းပိုင်းတွင် ၎င်းအား ဖမ်းဆီးခဲ့ကြောင်း နှင့် ယင်းအမျိုးသားသည် စိတ်ကစဉ့်ကလျားဖြစ်နေသူ တစ်ဦးဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။
ပြည်တွင်းသတင်းဋ္ဌာနက တရားခံသည် မူးယစ်ဆေးဝါးစွဲနေသူတစ်ဦးဖြစ်ပြီး ပြစ်မှုကျူးလွန်ပြီးနောက် သေကြောင်းကြံစည်ခဲ့သော်လည်း အိမ်နီးချင်းများက ၎င်းအား တားဆီးခဲ့ကြောင်း ဖော်ပြခဲ့သည်။
ရဲတပ်ဖွဲ့က အဆိုပါ ဖြစ်စဉ်အား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)