Africa & Middle East
မော်ရိုကိုနိုင်ငံတောင်ပိုင်းတွင် ရွှေ့ပြောင်းဒုက္ခသည် ၃၆၇ဦးအား ကယ်တင်နိုင်ခဲ့

ရာဘတ်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)
မော်ရိုကိုနိုင်ငံ၏ ရေတပ် ၏ ကမ်းခြေစောင့်တပ်သည် မြေထဲပင်လယ်ထဲမှ ရွှေ့ပြောင်းဒုက္ခသည် ၃၆၇ဦးအား ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကယ်တင်နိုင်ခဲ့ကြောင်း မော်ရိုကိုတပ်မတော်မှ ပြောကြားသည်။
ကယ်တင်နိုင်ခဲ့သည့် ရွှေ့ပြောင်းဒုက္ခသည်များသည် လှေဖြင့်ရောက်ရှိလာကြသူများဖြစ်ကြောင်း တပ်ဘက်မှ ဖြည့်စွက်ပြောကြားသည်။
ကယ်ဆယ်သူအများစုသည် ဆာဟာရဒေသခွဲရှိ အာဖရိကနိုင်ငံများမှ ဖြစ်ကြောင်း၊ အများစုမှာ အမျိုးသမီးနှင့် ကလေးများဖြစ်ကြောင်း တပ် ၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။
အဆိုပါရွှေ့ပြောင်းဒုက္ခသည်များအား အိမ်နီးချင်းဆိပ်ကမ်းများသို့ လုံခြုံစွာ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
၂၀၁၈ ခုနှစ်တွင် တရားမဝင် ရွှေ့ပြောင်းဒုက္ခသည်များ တရားမဝင်နေထိုင်ရန်ပိုမိုကြိုးပမ်းလာသည် ကို မော်ရိုကိုနိုင်ငံအနေဖြင့် ကြုံတွေ့နေရကြောင်း မော်ရိုကိုနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန မှပြောကြားခဲ့သည်။ မော်ရိုကိုပြည်ထဲရေးဝန်ကြီးဌာန မှ တာဝန်ရှိသူများပြောကြားချက်အရ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ မှ နိုဝင်ဘာလ အတွင်း တရားမဝင်နေထိုင်ရန်ကြိုးပန်းသူ ၇၆,၀၀၀ ကျော်အား တားဆီးနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)