Africa & Middle East
မော်ရိုကိုနိုင်ငံရှိ လမ်း၌ ယာဉ်တိုက်မှုများကြောင့် တစ်နှစ်လျှင် လူ ၃၄၀၀ကျော် သေဆုံး
ရာဘတ်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)
၂၀၁၇ခုနှစ် နိုဝင်ဘာမှ ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း မော်ရိုကိုနိုင်ငံ လမ်းများပေါ်၌ ယာဉ်တိုက်မှုကြောင့် လူ စုစုပေါင်း ၃၄၃၅ ဦး သေးဆုံးခဲ့ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီး Mohamed Najib Boulifက ဇန်နဝါရီ ၉ ရက်နေ့က ပြောသည်။
ပို့ဆောင်ရေး မတော်တဆကာကွယ်ခြင်း အမျိုးသားကော်မတီ အထွေထွေညီလာခံတွင် Boulifက သေဆုံးမှု အရေအတွက်သည် ၃.၁၆ ရာခိုင်နှုန်းလျော့နည်းသွားကြောင်း ဆိုသည်။သို့ရာတွင် ယာဉ်မတော်တဆဖြစ်ပွားမှုမှာ ၆.၅ရာခိုင်နှုန်းတိုး၍ ၉၄,၄၃၁မှု ရှိခဲ့ကြောင်း မော်ရိုကိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက အမျိုးသားကော်မတီ အထွေထွေညီလာခံ၌ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
ယာဉ်မတော်တဆမှုများကြောင့် အပြင်းအထန်ဒဏ်ရာရရှိမှုမှာ ၄.၃၇ ရာခိုင်နှုန်းကျဆင်းကာ ၈,၇၃၁ဦး ရှိခဲ့ကြောင်း စာရင်းဇယားများအရ သိရသည်။မော်ရိုကိုအစိုးရသည် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူလူဦးရေကို၂၀၂၁ခုနှစ်တွင် ၂၅ ရာခိုင်နှုန်း၊ ၂၀၂၆ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်ရန်ရည်မှန်း၍ အမျိုးသား ယာဉ်မတော်တဆမှု ဘေးကင်းလုံခြုံရေး မဟာဗျူဟာကို ၂၀၁၆ ခုနှစ်က ချမှတ်ဆောင်ရွက်လျက်ရှိသည်။(Xinhua)