Connect with us

Africa & Middle East

မော်ရိုကို အကြမ်းဖက်သမား ၁,၆၆၄ဦး အရှေ့အလယ်ပိုင်းအကြမ်းဖက်အုပ်စုများအတွင်း ဝင်ရောက်လာ

IS စစ်သွေးကြွများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရာဘက်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ နှင့် ဆီးရီးယားနိုင်ငံ တွင် ပဋိပက္ခများဖြစ်ပွားခဲ့စဉ်ကတည်းက အရှေ့အလယ်ပိုင်းဒေသရှိ အကြမ်းဖက်အုပ်စုများအတွင်းသို့ ဝင်ရောက်လာသည့် မော်ရိုကိုနိုင်ငံသား အကြမ်းဖက်သမား ၁,၆၆၄ဦး ရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာက စက်တင်ဘာ ၅ ရက်တွင်ဖော်ပြခဲ့သည်။

အဆိုပါ အကြမ်းဖက်သမားများ အနက် ၉၂၉ဦးသည် IS အကြမ်းဖက်အုပ်စု ထံ သစ္စာခံခဲ့ကြကြောင်း မော်ရိုကိုနိုင်ငံ တရားစီရင်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု ဗဟိုဗျူရို ညွှန်ကြားရေးမှူး Abdelhak Khiame က Al Ahdat Almaghribia နေ့စဉ်သတင်းစာ နှင့် တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့သည်။

၎င်းက IS စစ်သွေးကြွအဖွဲ့သည် ဆီးရီးယား နှင့် အီရတ်နိုင်ငံရှိ ၎င်းတို့၏ ဋ္ဌာနခွဲများတွင် တာဝန်ထမ်းဆောင်ရန် မော်ရိုကိုအမျိုးသမီး ၂၈၅ဦးခန့်ကို စည်းရုံးခဲ့ကြောင်း နှင့် ယင်းအမျိုးသမီးများအနက် ၅၂ဦးသည် နေရပ်သို့ ပြန်လာခဲ့ကြကြောင်း ပြောကြားခဲ့သည်။

တိုက်ပွဲများအတွင်း သေဆုံးခဲ့သည့် စုစုပေါင်း မော်ရိုကိုနိုင်ငံသား အကြမ်းဖက်သမား ၅၆၉ဦးအနက် အများစု မှာ ဆီးရီးယားတွင်သေဆုံးခဲ့ခြင်းဖြစ်ပြီး အခြား မော်ရိုကို အကြမ်းဖက်သမား၂၁၃ဦးမှာ တိုက်ပွဲဧရိယာများကို စွန့်ခွာသွားခဲ့ကြောင်း Khiame ကပြောကြားခဲ့သည်။

၂၀၀၂ခုနှစ်ကတည်းက စ၍ မော်ရိုကိုနိုင်ငံလုံခြုံရေးတပ်ဖွဲ့များသည် အကြမ်းဖက်အုပ်စုခွဲ ၁၂၇ခုကို ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့အနက် ၅၁ခုမှာ IS အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်နေကြောင်း Khiame ကထောက်ပြပြောဆိုခဲ့သည်။

၎င်း က ယင်းအကြမ်းဖက်အုပ်စုခွဲများကို ဖြိုခွဲနိုင်ခြင်းကြောင့် ပြစ်မှုဟောင်းများရှိသူ ၂၇၇ဦးအပါအဝင် သံသယရှိသူ ၂,၉၃၈ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.