Connect with us

Africa & Middle East

တူရကီနိုင်ငံ အစ်ပွဲတော်အတွင်း ယာဉ်တိုက်မှုကြောင့် လူ ၁၂၂ဦးသေဆုံး

တူရကီနိုင်ငံတွင် ယခင်က ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံတစ်ဝန်း အစ်ပွဲတော်ကာလ ၁၀ရက်တာ အမျိုးသားပိတ်ရက်အတွင်း ယာဉ်မတော်တဆမှုများ ကြောင့် စုစုပေါင်း လူ ၁၂၂ဦး သေဆုံးခဲ့ကြောင်း တူရကီပြည်ထဲရေးဝန်ကြီးဋ္ဌာနက စက်တင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

စက်တင်ဘာ ၄ရက်တွင် ပြီးဆုံးခဲ့သည့် အမျိုးသားပိတ်ရက်အတွင်း သန်းပေါင်းများစွာသော လူများသည် ၎င်းတို့၏ မြို့ရွာများနှင့် ခရီးသွားစုံရပ်များသို့ ပြန်ရန် လမ်းမများကို အသုံးပြုခဲ့ပြီး ယာဉ်အသုံးပြုမှုသည်လည်း ၂၀ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဝန်ကြီးဋ္ဌာနက ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

ဝန်ကြီးဋ္ဌာနက ဒဏ်ရာရရှိသူအရေအတွက်ကို ဖော်ပြခဲ့ခြင်းမရှိသော်လည်း ပြည်တွင်းမီဒီယာက ပိတ်ရက်အတွင်း နိုင်ငံတစ်ဝန်း ယာဉ်တိုက်မှုများကြောင့် အနည်းဆုံးလူ ၄၅၀ဦး ဒဏ်ရာရရှိကြောင်း ဖော်ပြခဲ့သည်။

တူရကီအစိုးရ သည် ပွဲတော် ပိတ်ရက်အတွင်း ယာဉ်စည်းကမ်းထိန်းသိမ်းရန် ရဲအရာရှိပေါင်း ၅၂,၉၃၆ဦးအား နိုင်ငံတစ်ဝန်းဖြန့်ကျက် တာဝန်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.