Africa & Middle East
ယီမင်တွင် စစ်ရဟတ်ယာဉ် ပျက်ကျမှုကြောင့် ဆော်ဒီ လေယာဉ်မှူး နှစ်ဦးသေဆုံး
ရီယာ့ဒ်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)
ယီမင်နိုင်ငံတွင် ဇူလိုင်လ ၂၅ ရက်က ရာသီဥတု ဆိုးရွားမှုကြောင့် ယီမင်နိုင်ငံ ရှိ Houthis စစ်သွေးကြွများအား တိုက်ခိုက်နေသည့် ဆော်ဒီ ဦးဆောင်သည့် ညွှန့်ပေါင်း တပ်ဖွဲ့၏ စစ်ရဟတ်ယာဉ် တစ်စီး ပျက်ကျခဲ့ပြီး ဆော်ဒီ လေယာဉ်မှူး နှစ်ဦး သေဆုံး ခဲ့ကြောင်း ပြောကြားခဲ့သည်။
ယီမင်နိုင်ငံ Ma’rib မြို့တွင် စစ်ဆင်ရေး တာဝန်တစ်ခု ဆောင်ရွက်နေစဉ် အတွင်း ရဟတ်ယာဉ် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
ယီမင်နိုင်ငံ ရှိ Houthis စစ်သွေးကြွများအား လေကြောင်း စစ်ဆင်ရေးများ စတင်ပြုလုပ်ခဲ့သည့် မတ်လ ၂၆ မှစ၍ အလားတူ လေယာဉ်မတော်တဆ ဖြစ်မှုများကြောင့် လေယာဉ်မှူး နှင့် တွဲဖက် လေယာဉ်မှူးများစွာ သေဆုံးခဲ့ကြောင်း သိရသည်။
ဆော်ဒီ-ယီမင် နယ်စပ်ရှိ Najran မြို့တွင် ဆော်ဒီ နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၅ ဦး အသတ်ခံရမှု ဖြစ်ပွားပြီး နာရီပိုင်း အကြာတွင် အဆိုပါ မတော်တဆ ဖြစ်ရပ်အား ကြေညာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)