Connect with us

Africa & Middle East

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် အသေခံ ဗုံးဖောက်ခွဲမှုကြောင့် လူ ၁၄ ဦး သေဆုံး

ဘဂ္ဂဒက်တွင် အသေခံ ဗုံဖောက်ခွဲမှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒက်မြောက်ပိုင်း ရှီးအိုက်ခရိုင်အတွင်းရှိ Kadhmiyah မြို့တွင် ဇူလိုင်လ ၂၄ ရက်က အသေခံ ဗုံးပေါက်ကွဲမှု တစ်ခုကြောင့် လူ ၁၄ ဦး သေဆုံးခဲ့ပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသူ ရဲအရာရှိ တစ်ဦးက ဆင်ဟွာသို့ ပြောသည်။

အဆိုပါ တိုက်ခိုက်မှုသည် အသေခံ ဗုံးဖောက်ခွဲသူ တစ်ဦးက Kadhmiyah ခရိုင် ဝင်ပေါက် Adan Square အနီးရှိ လူထူထပ်သော စစ်ဆေးရေး ဂိတ် တစ်ခုတွင် ၎င်း၏ ဖောက်ခွဲရေး ဝတ်စုံဖြင့် ဗုံးဖောက်ခွဲခဲ့ခြင်း ဖြစ် ကြောင်း ထို သတင်းရင်းမြစ်က ပြောသည်။
ထိုပေါက်ကွဲမှုကြောင့် အနီးရှိ အရပ်သားများ၏ ယာဉ်များ မီးလောင်ကျွမ်းခဲ့ရပြီး အများအပြား ပျက်စီးခဲ့ကြောင်း၊ စစ်ဆေးရေးဂိတ် တလျှောက်ရှိ အဆောက်အဦများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုနှင့် ပတ်သက်၍ လတ်တလော မည်သည့် အဖွဲ့ကမျှ တာဝန်မခံထားသေးသော်လည်း ဈေး များ၊ ကော်ဖီဆိုင်များနှင့် ဗလီကျောင်း စသည့် အီရတ်နိုင်ငံအတွင်းရှိ လူစည်ကားရာနေရာများအား ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိသည့် ဖြစ်ရပ် အများစုတွင် အိုင်အက်စ်များမှ အများဆုံး လုပ်ကိုင်လေ့ရှိသည်ဟု ဆိုသည်။
အီရတ်နိုင်ငံအတွက် ကုသမဂ္ဂ ကူညီထောက်ပံ့ရေး အဖွဲ့ (UNAMI) ၏ အစီရင်ခံစာအရ အီရတ်တွင် ဇွန်လ အတွင်း အကြမ်းဖက်မှုများနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့် သေဆုံးသူ ၆၆၂ ဦးနှင့် ဒဏ်ရာရသူ ၁၄၅၇ ဦးရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117