Africa & Middle East
ယူဂန္ဓာအလယ်ပိုင်းတွင် စာသင်ကျောင်းမီးလောင်၍ ကျောင်းသား ၉ဦးသေဆုံး

ကမ်ပါလာ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
ယူဂန္ဓာနိုင်ငံ အလယ်ပိုင်း ရှိ အထက်တန်းစာသင်ကျောင်းတစ်ခုတွင် နိုဝင်ဘာ ၁၁ရက် ညပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး ကျောင်းသား ၉ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ က နိုဝင်ဘာ ၁၂ ရက်တွင်ပြောကြားခဲ့သည်။
Emilian Kayima က မီးလောင်မှုသည် Rakai ခရိုင် Mannya မြို့ St.Bernard အထက်တန်းကျောင်း တွင်စတင်လောင်ကျွမ်းခဲ့ကြောင်း ဆင်ဟွာသို့ ဖုန်းဖြင့် ပြောကြားခဲ့သည်။
၎င်းက မီးတောက်များအတွင်း ကျောင်းသား ၉ဦးသေဆုံးသွားခဲ့ပြီး ယင်းဖြစ်စဉ် နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယူဂန္ဓာနိုင်ငံရှိ စာသင်ကျောင်းများတွင် မီးလောင်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသော်လည်း အများစု တွင် လူသေဆုံးမှုမရှိကြောင်း သိရသည်။
နောက်ဆုံးဖြစ်ပွားခဲ့သော လူသေဆုံးခဲ့သည့် မီးလောင်မှုသည် ၂၀၀၉ခုနှစ်တွင် အလယ်ပိုင်းဒေသ Wakiso ခရိုင် ရှိ Budo မူလတန်းကျောင်း၌ ဖြစ်ပွားခဲ့ကာ ကျောင်းသား ၁၉ဦးသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)