Africa & Middle East
ယူဂန်ဒါနိုင်ငံ အရှေ့ပိုင်းတွင် ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် လူ ၁၈ ဦးသေဆုံး
ကမ်ပါလာ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ)
ယူဂန်ဒါနိုင်ငံ အရှေ့ပိုင်းရှိ ဒေသနှစ်ခုတွင် လွန်ခဲ့သောရက်များက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားရာ လူ ၁၈ သေဆုံးခဲ့ကြောင်း ယူဂန်ဒါ ရဲဘက်ဆိုင်ရာက ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ယူဂန်ဒါနိုင်ငံ အရှေ့ပိုင်း Kyoga ရေကန်၏ မြေနိမ့်ချိုင့်ဝှမ်းဒေသတွင် ဧပြီ ၂၂ ရက် ညပိုင်းက ၃ နာရီ နီးပါးခန့် ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားရာ Buyende ဒေသတွင် လူ ၁၃ ဦး သေဆုံးခဲ့ပြီး Kamuliဒေသတွင် လူ ၅ ဦး သေဆုံးခဲ့ကြောင်း Busogaမြောက်ပိုင်းဒေသ ရဲဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Michael Kasadha ဆိုသည်။
သေဆုံးသူအများစုမှာ နေအိမ်ပြိုလဲပိမိမှုကြောင့် အသက်ဆုံးရှုံးခဲ့ခြင်းဖြစ်ပြီး အချို့ကလေးငယ်များမှာ ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း Michael Kasadha ဆိုသည်။
ယူဂန်ဒါ ဝန်ကြီးချုပ်ရုံးမှ အချင်းဖြစ်နေရာသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များစေလွှတ်ထားကြောင်း သိရသည်။(Xinhua)