Connect with us

Africa & Middle East

လစ်ဗျား နိုင်ငံ မြို့တော် ထရီပိုလီ၌ အပစ်အခတ် ရပ်စဲရေး တောင်းဆိုမှု လစ်ဗျား ဝန်ကြီးချုပ် ငြင်းဆို

လစ်ဗျား နိုင်ငံ မြို့ တော် ထရီပိုလီတွင် ကုလသမဂ္ဂ ကျောထောက် နောက်ခံ ပြုထားသော အစိုးရတပ်ဖွဲ့ အား တွေ့ ရစဉ်(ဆင်ဟွာ)

ထရီပိုလီ ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ)

လစ်ဗျား နိုင်ငံ မြို့တော် ထရီပိုလီကို ထိန်းချုပ်ရန် နှစ်ဘက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည့် အတွက် အစိုးရ နှင့် နိုင်ငံ အရှေ့ပိုင်း အခြေစိုက် စစ်တပ် အကြား အပစ်အခတ် ရပ်စဲရေး တောင်းဆိုမှုအား ကုလသမဂ္ဂ ကျောထောက် နောက်ခံ ပြုထားသော လစ်ဗျား နိုင်ငံ အစိုးရ ဝန်ကြီးချုပ် Fayez Serraj က ငြင်းဆိုခဲ့ကြောင်း အစိုးရ ပြောရေး ဆိုခွင့် ရှိသူက ဧပြီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

အစိုးရ၏ သမ္မတ ဆိုင်ရာ ကောင်စီ အကြီးအကဲ (Serraj) က ဟတ်ဖ်တာ လက်နက်ကိုင် တပ်ဖွဲ့ကို ဆန့်ကျင် တိုက်ခိုက် သွားမည် ဖြစ်ကြောင်း ၊ ရန်လိုသူများအား နှိမ်နှင်းပြီးသည် အထိ ဆွေးနွေးညှိနှိုင်းရန် ရှိလိမ့်မည် မဟုတ်ကြောင်း ၊ အစိုးရ၏ သမ္မတ ဆိုင်ရာ ကောင်စီ အကြီးအကဲ အနေဖြင့် တောင်းဆိုမှု သို့မဟုတ် အလိုရှိသော အပစ်အခတ် ရပ်စဲရေးအား အပြင်းအထန် ငြင်းပယ်ကြောင်း အစိုးရ၏ ပြောရေးဆိုခွင့် ရှိသူ Mohannad Younis က သတင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ပြောကြားခဲ့သည်။

အစိုးရ၏ သမ္မတ ဆိုင်ရာ ကောင်စီ၏ ရပ်တည်ချက်မှာ ကျူးကျော် ရန်လိုမှုများအား ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ၊ ထိုသို့ကျူးကျော် ရန်လိုမှုများအား ပြန်လည် တုံ့ပြန်သွားမည် ဖြစ်ကြောင်း Younis က ပြောကြားခဲ့သည်။

နိုင်ငံ အရှေ့ပိုင်း အခြေစိုက် စစ်တပ်အား ဦးဆောင်သော Khalifa Haftar သည် လစ်ဗျားနိုင်ငံ အနောက်ပိုင်းအား ရယူရန် ဧပြီလ အစောပိုင်းမှ စ၍ စစ်ရေးလှုပ်ရှားမှုများအား ပြုလုပ်ခဲ့သည်။ထရီပိုလီမြို့သည် ကုလသမဂ္ဂ ကျောထောက် နောက်ခံ ပြုထားသော အစိုးရ အခြေစိုက် တည်ရှိကြောင်း သိရသည်။

နှစ်ဘက် ဖြစ်ပွားသော တိုက်ပွဲများကြောင့် ၂၇၂ ဦး သေဆုံးခဲ့ပြီး အခြား ၁၂၈၂ ဦး ဒဏ်ရာ ရရှိခဲ့ကာ နေရပ် စွန့်ခွာသော ပြည်သူ ၃၀,၀၀၀ ကျော် ရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းထံမှ သိရသည်။

လစ်ဗျားနိုင်ငံတွင် ခေါင်းဆောင်ဟောင်း Muammar Gaddafi ၏ အစိုးရ ၂၀၁၁ ခုနှစ်တွင် ပြုတ်ကျခဲ့ပြီးနောက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသည် မလုံခြုံမှု နှင့် မတည်ငြိမ်မှုများကြားတွင် ရုန်းကန်နေရကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117