Connect with us

Africa & Middle East

ရုရှားနိုင်ငံ မက်စ်နစ်တိုဂိုရက်စ်မြို့ တွင် မီနီဘတ်စ်ပေါက်ကွဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကာ လူ ၃ဦးသေဆုံး

ရုရှားနိုင်ငံ မက်စ်နစ်တိုဂိုရက်စ်မြို့ တွင် မီနီဘတ်စ်ပေါက်ကွဲ၍ မီးလောင်မှုဖြစ်ပွားမှုအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

မော်စကို၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ မက်စ်နစ်တိုဂိုရက်စ်မြို့ တွင် မီနီဘတ်စ်ကား မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လူ ၃ဦး သေဆုံးခဲ့ကြောင်း ဇန်နဝါရီလ ၂ ရက်နေ့က ဒေသခံမီဒီယာများတွင် ဖော်ပြခဲ့သည်။

အဆိုပါယာဉ်မတော်တဆမှုသည် ဇန်နဝါရီလ ၁ ရက်နေ့ ညတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါယာဉ်မတော် တဆမှုဖြစ်ပွားခဲ့သည့်နေရာ နှင့် မဝေးသည့် လူနေရပ်ကွက် တွင် ဒီဇင်ဘာလ ၃၁ ရက်နေ့ ၌ အဆောက်အဦးတစ်ခု ပြိုကျခဲ့ကြောင်း မျက်မြင်သက်သေများ ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါအဆောက်အဦး ပြိုကျမှုဖြစ်စဉ်တွင်လည်း အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ပြီး လူ၃၀ ကျော် ပျောက်ဆုံးနေကြောင်း သိရသည်။

မက်စ်နစ်တိုဂိုရက်စ်မြို့ ရှိ Karal Marx လမ်း နှင့် Pravada လမ်းဆုံသည့်နေရာတွင် လူ၃ဦးလိုက်ပါလာသော Gazel ကားတစ်စီးမီးလောင်ခဲ့ခြင်းဖြစ်ပြီး၊ ကားအတွင်းတွင် ဂက်စ်အိုး နှစ်လုံးပါရှိကြောင်း Sputnik သတင်းအေဂျင်စီကဖော်ပြခဲ့သည်။

အဆိုပါယာဉ်ပေါက်ကွဲမီးလောင်မှု သည် ဓာတ်ငွေ့ကိရိယာ ချို့ယွင်းမှုကြောင့် ဖြစ်ကြောင်း ဒေသခံ ပြည်ထဲရေးဌာန က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.