Connect with us

Africa & Middle East

လက်ဘနွန် ၌ ၂၀၁၈ခုနှစ်အတွင်း သေကြောင်းကြံစည်မှု ၂၀၀အထိ ရှိလာ

သေကြောင်းကြံစည်ရာတွင်အသုံးပြုလေ့ရှိသည့် ကြိုးကွင်းပုံစံနမူနာအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘေရွတ်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ ၌ ၂၀၁၈ခုနှစ်အတွင်း သေကြောင်းကြံစည်သည့် လူ ၂၀၀ဦးဝန်းကျင်ရှိလာပြီး ၂၀၁၇ခုနှစ်တွင်မူ ၁၄၃ဦးသာ ရှိခဲ့ကြောင်း အွန်လိုင်းသတင်းစာ Elnashra က ဇန်နဝါရီ ၂ရက်တွင်ဖော်ပြခဲ့သည်။

၎င်းက ၂၀၁၈ခုနှစ် တွင်လူပေါင်း ၁,၅၀၀ ဝန်းကျင်သေကြောင်းကြံစည်ရန် ကြိုးပမ်းခဲ့ပြီး တစ်ရက်လျှင် ၄ဦးနှုန်းသေကြောင်းကြံစည်ခြင်းနှင့်ညီမျှကြောင်း ဖော်ပြခဲ့သည်။

စိတ်ကျန်းမာရေးပညာရှင် နှင့် စိတ်ပိုင်းဆိုင်ရာ နာမကျန်းသူများအတွက် စောင့်ရှောက်မှုပေးနေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Embrace ၏ တွဲဖက်တည်ထောင်သူ Mia Atwi က လက်ဘနွန်နိုင်ငံ ၌ မိမိကိုယ်ကို သတ်သေမှုများသည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုမရှိခြင်းကြောင့်ဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

၎င်းက သေကြောင်းကြံစည်သူ ၉၀ရာခိုင်နှုန်း ဝန်းကျင် သည် စိတ်ဓါတ်ကျခြင်း၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်း နှင့် အရက်အလွန်အကျွံသောက်ခြင်းတို့အပါအဝင် စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုကြောင့်ဖြစ်ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။

သေကြောင်းကြံစည်သူ လူအများစုတွင် ယင်းစိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုများသာမက ပုဂ္ဂိုလ်ရေးပြဿနာများ ထပ်မံရှိနေကြောင်း ၎င်းကပြောကြားခဲ့သည်။

Mia Atwi လက်ဘနွန်တွင် အမျိုးသားများ၏ သေကြောင်းကြံစည်မှုသည် အမျိုးသမီးများထက် ၂ဆပိုများကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် သေကြောင်းကြံစည်မှုအတွက် ပိုမိုထိရောက်သည့် နည်းလမ်းများကို အသုံးပြု၍ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.