Africa & Middle East
လက်နက်ကိုင် အဖွဲ့အစည်း ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် အီရန် နိုင်ငံ စစ်ဘက်ဆိုင်ရာ ၅ ဦး ပါကစ္စတန် နိုင်ငံ တွင် ပြန်လည် လွတ်မြောက်
တီဟီရန် ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)
အီရန် နိုင်ငံပိုင် ရုပ်သံဌာန ၏ ဖော်ပြချက်အရ အောက်တိုဘာလပိုင်း တွင် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် အီရန် နိုင်ငံ စစ်ဘက်ဆိုင်ရာ အဖွဲ့ဝင်များ အနက် ၅ ဦး က ပါကစ္စတန် နိုင်ငံ တွင် ပြန်လည် လွတ်မြောက် နိုင်ခဲ့ကြောင်း သိရှိရသည်။
အီရန် နိုင်ငံ အစ္စလာမ္မစ် တော်လှန်ရေး အစောင့် တပ်ဖွဲ့ တပ်မှူး Jafari ၏ ပြောကြားချက်အရ လွတ်မြောက် ခဲ့သူ ၅ ဦး အနေဖြင့် လက်ရှိချိန်တွင် ပါကစ္စတန် နိုင်ငံ တွင် ရှိနေပြီး မကြာမီ အီရန် နိုင်ငံ သို့ ပြန်လည် ရောက်ရှိလာမည် ဖြစ်ကြောင်း ၊ အီရန် အစိုးရ တပ်ဖွဲ့ အနေဖြင့် ကျန်ရှိသူများအား ကယ်ဆယ် နိုင်ရန် ဆက်လက်၍ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ယခုနှစ် အောက်တိုဘာ လလယ်ပိုင်း တွင် အီရန် နိုင်ငံ စစ်ဘက်ဆိုင်ရာ အဖွဲ့ဝင် ၁၄ ဦး က အီရန် နိုင်ငံ နှင့် ပါကစ္စတန် နိုင်ငံ နယ်စပ် တွင် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု ၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး အီရန် နိုင်ငံ ၏ ပြောကြားချက်အရ ယင်း လက်နက်ကိုင် အဖွဲ့ ၏ စခန်း က ပါကစ္စတန် နိုင်ငံ အတွင်း တည်ရှိကြောင်း သိရှိရသည်။(Xinhua)