Connect with us

Africa & Middle East

စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် ဆီးရီးယား တပ်ဖွဲ့ဝင် ၁၈ဦးသေဆုံးကြောင်း ရုရှားစစ်တပ်ပြောကြား

ဆီးရီးယား တပ်ဖွဲ့ဝင် တစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ Latakia ပြည်နယ် တွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုတစ်ခုကြောင့် အနည်းဆုံး ဆီးရီးယား တပ်ဖွဲ့ဝင် ၁၈ဦး သေဆုံးခဲ့ကြောင်း ဆီးရီးယားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ရုရှားစင်တာ က နိုဝင်ဘာ ၁၇ ရက်တွင်ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း Aleppo နှင့် Hama မြို့စွန်ပိုင်းများ အပါအဝင် Aleppo ပြည်နယ် ရှိ Tall Alush မြို့ နှင့် Latakia ပြည်နယ် ရှိ Safsara မြို့များကို စစ်သွေးကြွလက်နက်ကိုင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် စင်တာကပြောကြားထားသည်။

ထုတ်ပြန်ချက်၌ Latakia ပြည်နယ် Safsara မြို့ တိုက်ခိုက်ခံရမှုကြောင့် ဆီးရီးယား တပ်ဖွဲ့ဝင် ၁၈ဦးသေဆုံးပြီး တပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါရှိသည်။စင်တာက Idlib စစ်မဲ့ဇုန်အတွင်း စစ်သွေးကြွခေါင်းဆောင်များအား အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးအခြေကျရန် ဆက်လက်ဆောင်ရွက်သွားရေး တိုက်တွန်းခဲ့ကြောင်း သိရသည်။စင်တာ သည် ယခုအချိန်အထိ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းပေါင်း ၁၉၉၄ခုကို လုပ်ဆောင်ခဲ့ပြီး ဆီးရီးယားပြည်သူများထံ အထောက်အပံ့ပစ္စည်း တန်ချိန် ၃၁၂၄.၂တန်အား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ (Xinhua)