Connect with us

Africa & Middle East

လက်ဘနွန် အစိုးရအဖွဲ့မှ ဝန်ကြီး နှစ်ဦး ရာထူးမှ နုတ်ထွက်

စီးပွားရေး ဝန်ကြီး Alain Hakim (ယာ) နှင့် အလုပ်သမားဝန်ကြီး Sejaan Qazzi (ဝဲ) တို့အား Kataeb Party ခေါင်းဆောင် Sami Gemayel (လယ်) နှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဘီးရုဒ်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ Kataeb Party ခေါင်းဆောင် Sami Gemayel က လာဘ်စားမှုနှင့် နှေးကွေးသော အစိုးရတွင် ပါဝင်နေခြင်းကြောင့် အစိုးရ အဖွဲ့မှ ၎င်း၏ ဝန်ကြီး နှစ်ဦးအား ရာထူးမှ နုတ်ထွက်ကြောင်း ဇူလိုင်လ ၁၂ ရက်က ကြေညာခဲ့သည်။

“ဒီယာယီ အစိုးရအဖွဲ့ထဲမှ ဆက်နေဖို့ ဘာအကြောင်းပြချက်မှ မရှိပါဘူး” ဟု Gemayel က တီဗွီ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အလုပ်သမား ဝန်ကြီး Sejaan Azzi နှင့် စီးပွားရေး ဝန်ကြီး Alain Hakim တို့သည် မနှစ်က ဖွဲ့စည်းခဲ့သည့် လက်ရှိ လက်ဘနွန် အစိုးရအဖွဲ့မှ နုတ်ထွက်ခဲ့သည့် ဒုတိယမြောက်နှင့် တတိယမြောက် ဝန်ကြီးများ ဖြစ်သည်။
တရားရေး ဝန်ကြီး Ashraf Rifi သည် အစိုးရအဖွဲ့မှ ဖေဖော်ဝါရီလက ၎င်း၏ ဆန္ဒအလျောက် နုတ်ထွက်သွားခဲ့ သည်။
အစိုးရသည် သဘောတူ စာချုပ်များအား သေချာ ဂရုစိုက်ပြီး ကိုင်တွယ်ခွင့် ပြုပြီး နိုင်ငံ၏ တန်ဖိုးကြီး သယံဇာတမှ အကျိုးရလဒ်များ ရယူသင့်ကြောင်း Gemayel က ပြစ်တင် ပြောဆိုခဲ့သည်။
Kataeb Party သည် နိုင်ငံအတွင်း အငြင်းပွားဖွယ် ဆည်တည်ဆောက်မှုနှင့် အခြား လုံခြုံရေး လုပ်ငန်းများ၌ အစိုးရ အပါအဝင် အခြား ပြိုင်ဘက်အဖွဲ့များနှင့် ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.