Connect with us

Africa & Middle East

လစ်ဗျားနိုင်ငံက တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၁၀၀ နီးပါးအား ပြန်လည် ပို့ဆောင်

ရွှေ့ပြောင်းနေထိုင်သူ အချို့အား တွေ့ရစဉ် (ဆင်ဟွာ)

ထရီပိုလီ ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)

လစ်ဗျားနိုင်ငံသည် ရွှေ့ပြောင်းဝင်ရောက်မှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့(IOM)နှင့် ပူးပေါင်း၍ ဘင်္ဂလားဒေ့ရှ်နှင့်ပါကစ္စတန်မှလာသော တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၉၆ ဦးအား အောက်တိုဘာ ၃ ရက်တွင် ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တရားမဝင်ဝင်ရောက်သူများကို အောက်တိုဘာ ၃ ရက်က ထရီပိုလီ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် ပို့ဆောင်ပြီးဖြစ်ကြောင်း ၊ ထိုသို့ပို့ဆောင်ရာ တွင် ၆၀ ဦး က ဘင်္ဂလားဒေ့ရှ်မှဖြစ်ပြီး ၃၆ ဦးမှာ ပါကစ္စတန်မှ ဖြစ်ကြောင်း လစ်ဗျားနိုင်ငံ တရားမဝင် ဝင်ရောက်မှုဆန့်ကျင်ရေးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ယခုတစ်ကြိမ် ပြန်လည် ပို့ဆောင်မှု သည် လစ်ဗျားအစိုးရနှင့် IOM အဖွဲ့တု့ိမှ ဆောင်ရွက်သည့် မိမိဆန္ဒအလျောက်နေရပ်ပြန်ရန် စီစဉ်ပေးသည့် ကဏ္ဍတစ်ခုဖြစ်သည်။

လစ်ဗျားနိုင်ငံရှိ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ ခိုနားရာစခန်းများတွင် ထိန်းသိမ်းထားသူများ၊ သင်္ဘောဖြင့် ဝင်ရောက်ရာတွင် အခက်တွေ့၍ ကယ်ဆယ်ထားသူများကို နေရာချထားပေးရာ စခန်းအများစုမှာ လူများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။

၂၀၁၁ ခုနှစ် ကဒါဖီအစိုးရ အဖြုတ်ချခံရပြီးနောက် လစ်ဗျား၏နိုင်ငံရေးအခြေအနေ မငြိမ်မသက်ဖြစ်နေ ရာ ပင်လယ်ကမ်းခြေတစ်လျှောက်နှင့် နယ်စပ်တစ်လျှောက်ဒေသများတွင် ထိရောက်သည့် စီမံ အုပ်ချုပ်မှုများ မရှိခြင်းကြောင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများက လစ်ဗျားနိုင်ငံသို့လာရောက်ပြီး ထိုမှတစ်ဆင့် မြေထဲပင်လယ်ကို ဖြတ်ကာ ဥရောပတိုက်နိုင်ငံများကို သွားရောက်ကြခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.