Connect with us

Africa & Middle East

ယူဂန္ဓာတွင် မိုးကြိုးပစ်မှုကြောင့် ကျောင်းသား ၃ဦးသေ၊ ၇၃ဦး ဒဏ်ရာရရှိ

ယူဂန္ဓာတွင် ဖြစ်ပွားခဲ့သည့် မိုးကြိုးပစ်မှု ဖြစ်စဉ်တစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကမ်ပါလာ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

ယူဂန္ဓာနိုင်ငံ အနောက်မြောက်ပိုင်း Yumbe ခရိုင် တွင် အောက်တိုဘာ ၃ရက်က မိုးကြိုးပစ်ခတ်မှုကြောင့် အနည်းဆုံး ကျောင်းသား ၃ဦးသေဆုံးပြီး အခြားလူ ၇၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကပြောကြားခဲ့သည်။

ဒုတိယရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Patrick Onyango က မိုးကြိုးပစ်မှုကြောင့် ကျောင်းသား ၃ဦး နေရာ၌ပင် သေဆုံးခဲ့ကြောင်း၊ လူ အယောက် ၂၀ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး အခြားလူ ၅၃ဦး တွင် ထိခိုက်ဒဏ်ရာအသေးစားများ ရရှိခဲ့ကြောင်း ဆင်ဟွာသို့ ဖုန်းဖြင့်ဖြေကြားခဲ့သည်။

၎င်းက အဆိုပါ ဖြစ်ရပ်သည် Mugonyo မူလတန်းကျောင်း၌ ကျောင်းသားများ စာသင်ခန်းအတွင်းရှိနေစဉ် ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။

ဒဏ်ရာအပြင်းအထန်ရရှိခဲ့သူ ၂၀ဦးကို ဆေးရုံသို့ပို့ဆောင်ပေးထားပြီး ကျန် ၅၃ဦးမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း Onyango ကပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက အလားတူ ဖြစ်ရပ်မျိုးမှ ရှောင်လွှဲနိုင်ရန် စာသင်ကျောင်းများ၌ မိုးကြိုးလွှဲများတပ်ဆင်ရန် နိုင်ငံတစ်ဝန်းရှိ ကျောင်းအာဏာပိုင်များကို တိုက်တွန်းခဲ့ကြောင်း သိရသည်။

ယူဂန္ဓာနိုင်ငံအမျိုးသားမိုးလေဝသအာဏာပိုင်အဖွဲ့ က မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးမှုများ၊ လေပြင်းမုန်တိုင်း နှင့် မိုးကြိုးပစ်မှုများ ဖြစ်ပွားနိုင်ကြောင်း လွန်ခဲ့သည့်လတွင် သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.