Connect with us

Africa & Middle East

လစ်ဗျားနိုင်ငံရှိလခြမ်းနီအဖွဲ့ သည် ပဋိပက္ခဖြစ်နေသည့်ဒါနမြို့မှ ရုပ်အလောင်းလေးခု ရှာဖွေတွေ့ရှိ

လစ်ဗျားလခြမ်းနီအဖွဲ့မှ ကူညီကယ်တင်မှုဆောင်ရွက်နေမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ထရီပိုလီ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံအရှေ့ဘက် ဒါနာမြို့ တွင် အကြမ်းဖက်အဖွဲ့အစည်းများ ၏ လက်ချက်ကြောင့်သေဆုံးခဲ့ရသည့်မည်သူမည်ဝါမခွဲခြားနိုင်သော ရုပ်အလောင်း ၄လောင်း ကို လစ်ဗျားလခြမ်းနီအဖွဲ့က ဖေဖော်ဝါရီလ ၅ ရက် နေ့ တွင်တွေ့ရှိခဲ့ကြောင်း သိရသည်။

“ရုပ်အလောင်းတွေက ဆက်တွေ့နေတုန်းဖြစ်ပါတယ်၊မြို့ဟောင်းဖြစ်တဲ့ ဒါနာ မြို့မှာ အမည်မသိရုပ်အလောင်း လေးလောင်း ကိုတွေ့ရှိခဲ့ပါတယ်’’ ဟု လူသာချင်းစာနောက်ထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်း ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဒါနာမြို့၌ စစ်တပ် နှင့် စစ်သွေးကြွများအကြား တိုက်ပွားဖြစ်ပွားခဲ့ပြီး စစ်သား ၆ ဦးသေဆုံးခဲ့ကာ ၁၀ယောက်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း စစ်တပ်ဘက်မှ ပြောကြားသည်။

အကြမ်းဖက်သမားများလည်း အကြီးအကျယ်ထိခိုက်ခဲ့ကြောင်း၊ ၎င်းတို့၏ရုပ်အလောင်းများသည် အခင်းဖြစ်သည့် နေရာတွင်ပြန့်ကျဲလျက်ရှိကြောင်း၊ အကြမ်းဖက်သမားအားလုံးနီးပါးကိုလည်း ရှင်းလင်းနိုင်ခဲ့ကြောင်း စစ်တပ်ဘက်မှ အတည်ပြုပြောကြားသည်။

ဗိုလ်ချုပ် ခလီဖာဟက်တာ (Khalifa Haftar) ဦးဆောင်သည့် လစ်ဗျားအခြေစိုက်စစ်တပ်သည် လွန်ခဲ့သော ၃ နှစ်အတွင်း ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် ဇွန်လ တွင်မြို့ကိုလွှဲပြောင်းရယူခဲ့ပြီး၊ ကျန်ရှိသော အကြမ်းဖက်သမားအကြွင်းအကျန်များနှင့် ဒါနမြို့လယ်တွင် တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.