Africa & Middle East
လစ်ဗျားနိုင်ငံရှိ ပေါက်ကွဲစေနိုင်သည့် စစ်လက်နက်ပစ္စည်းအကြွင်းအကျန် တန် ၂၀၀ ကျော် ဖျက်ဆီး

ထရီပိုလီ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)
လစ်ဗျားနိုင်ငံသည် ကုလသမဂ္ဂ ထောက်ပံ့ပေးမစ်ရှင်ဖြစ်သော ကုလသမဂ္ဂ မိုင်းလှုပ်ရှားမှုဝန်ဆောင်မှု (UNMAS) ၏ အကူအညီဖြင့် စစ်အတွင်းသုံး ပေါက်ကွဲစေသော အကြွင်းအကျန်ပစ္စည်း (Explosive Remnants of War= ERW) တန် ၂၀၀ ကျော်အား ဖေဖော်ဝါရီလ ၁ ရက်နှောင်းပိုင်က ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“UNMAS က ရဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကုန်မှာ ကနဦး ပထမအဆင့်လုပ်ငန်းဖြစ်တဲ့ Misratan လူမှုအသိုင်းအဝိုင်းနဲ့ လစ်ဗျား နိုင်ငံသားတွေအတွက် အန္တရာယ်ရှိတဲ့အတွက် ERW တွေကို ဖျက်ဆီးခြင်းကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်” ကုလသမဂ္ဂ ထောက်ပံ့ပေးမစ်ရှင်က ပြောသည်။
ဒိန်းမတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံ အစိုးရများ၏ ကူညီထောက်ပံ့မှုဖြင့် ကုလသမဂ္ဂ Voluntary Trust Fund for Assistance in Mine က ERW ၂၀၃ တန်ကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း ကုလသမဂ္ဂ ထောက်ပံ့ပေးမစ်ရှင်က ဖြည့်စွက်ပြောကြားခဲ့သည်။
ထို့ပြင် ဒုတိယအဆင့် လှုပ်ရှားမှုတွင်မူ ပြင်သစ်နိုင်ငံ အစိုးရ၏ ထောက်ပံ့မှုဖြင့် ERW အနည်းဆုံး တန် ၂၀၀ ကျော် ဖျက်ဆီးရန်ရည်ရွယ်ထားကြောင်း သိရသည်။
လစ်ဗျားနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများ နှစ်ပေါင်းများစွာဖြစ်ပွားခဲ့ပြီးနောက် မပေါက်ကွဲဘဲ ကျန်ရှိနေသော စစ်လက်နက်ပစ္စည်း အရေအတွက် မြောက်များစွာ ကျန်ရှိနေခဲ့ကြောင်း၊ ယင်းပစ္စည်းများကြောင့် စစ်သားများနှင့် အရပ်သားများ သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။ (Xinhua)