Connect with us

Africa & Middle East

တောင်အာဖရိကတွင် သတ္တုတွင်းလုပ်သား ၉၅၀ ခန့် မြေအောက်တွင် ပိတ်မိနေ

တောင်အာဖရိကရှိ သတ္တုတွင်း လုပ်ငန်းခွင်တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျိုဟန်နာဘာ့ဇ်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

တောင်အာဖရိကရှိ Northern Free State တွင် ဖေဖော်ဝါရီလ ၁ ရက်က လျှပ်စစ်မီးချို့ယွင်းမှုဖြစ်ပွားပြီးနောက် ရွှေသတ္တုတွင်း တစ်ခုရှိ မြေအောက်၌ သတ္တုတွင်းလုပ်သား ၉၅၀ ဦးခန့် ပိတ်မိနေခဲ့ကြောင်း သတ္တုတွင်း ပိုင်ရှင်က ပြောကြားခဲ့သည်။

“လုပ်သား ၉၅၅ ဦး မြေအောက်မှာ ကျန်ရှိနေတုန်းပဲ။ သူတို့တွေ ဘေးကင်းပြီး စိတ်ချရတဲ့နေရာမှာ ရှိနေကြပါတယ်။ အဲဒီနေရာက စောင့်ဆိုင်းနေရာလေးဖြစ်ပြီး လေဝင်လေထွက်ရတဲ့နေရာလဲ ဖြစ်ပါတယ်” ဟု Sibanye-Stillwater ၏ ပြောရေးဆိုခွင့်ရှိသူ ဂျိမ်းစ်ဝဲလ်စတတ်က ဒေသတွင်း မီဒီယာသို့ ပြောသည်။

ပြောခွင့်ရပုဂ္ဂိုလ်၏အဆိုအရ မြေအောက်မှာ ပိတ်မိနေတဲ့ လုပ်သားတွေအတွက် ရေနှင့် အစားအစာများ ထောက်ပံ့ပေးထားကြောင်း သိရသည်။

“မြေအောက်မှာရှိတဲ့ သူတွေအားလုံး အခြေအနေကောင်းပါတယ်။ လျှပ်စစ်မီးပြန်ရဖို့နဲ့ သူတို့ကို အပေါ်ပြန်တင်နိုင်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု ၎င်းက ပြောသည်။

သတ္တုတွင်း အလုပ်သမားများအား တွင်းအပေါ်ပြန်ရောက်စေရန် ကုမ္ပဏီက မီးစက်ကို အသုံးပြလျက်ရှိကြောင်း သိရသည်။

ယင်း ဖြစ်စဉ်အား စုံစမ်းစစ်ဆေးရန် အစိုးရအား တောင်အာဖရိက ကုန်သွယ်မှုသမဂ္ဂဆိုင်ရာ ကွန်ဂရက် (Cosatu) က ပြောကြားခဲ့သည်။

ပိတ်မိနေသော သတ္တုတွင်းလုပ်သားများအား ကယ်ဆယ်ရန် ကြိုးပမ်းဆောင်ရွက်မှုအား နှစ်ဆအားဖြည့်ရန် အရေးပေါ်လုပ်ငန်းများ ခေါ်ယူခဲ့ရကြောင်း၊ သတ္တုတွင်းကုမ္ပဏီအနေဖြင့် ယခင်အတွေ့အကြုံများအား လေ့လာကာ သတ္တုတွင်း ပျက်စီးဆုံးရှုံးမှုများ ကာကွယ်သင့်ကြောင်း Cosatu က ဆိုသည်။

သတ္တုတွင်းဝန်ကြီး Mosebenzi Zwane က ဖေဖော်ဝါရီလ ၂ ရက်တွင် အဆိုပါ သတ္တုတွင်းသို့ သွားရောက်ကာ သတ္တုတွင်းလုပ်သားများ ပိတ်မိနေသည့် အကြောင်းရင်းအား ကြည့်ရှုစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.