Connect with us

Africa & Middle East

လစ်ဗျားနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတွင် တရားမဝင် ရွှေ့ပြောင်းသွားလာသူ ၁၁၇ ဦးကို ကယ်ဆယ်ခဲ့

လစ်ဗျားနိုင်ငံက ကယ်ဆယ်ခဲ့ရသည့် ရွှေ့ပြောင်းသွားလာသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ထရီပိုလီ၊ မတ် ၃၀ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံ အနောက်ဘက် အယ်လ်-ခွန်မ်စ်မြို့ ကမ်းရိုးတန်းတွင် တရားမဝင် ရွှေ့ပြောင်းသွားလာသူ ၁၁၇ ဦးကို ကယ်ဆယ်ခဲ့ရကြောင်း လစ်ဗျား အာဏာပိုင်များက မတ်လ ၂၉ ရက်တွင် ပြောကြားလိုက်သည်။

“ကမ်းရိုးတန်းအစောင့်တွေဟာ ရာဘာလှေတစ်စင်းပေါ်က အာဖရိကန်တိုက်အတွင်းကနိုင်ငံတွေက ရွှေ့ပြောင်းသွားလာသူ ၁၁၇ ဦးကို ကယ်ဆယ်ရရှိခဲ့တယ်” ဟု လစ်ဗျားနိုင်ငံ ကမ်းရိုးတန်းနှင့် ပင်လယ်ဆိပ်ကမ်း လုံခြုံရေးအဖွဲ့၏ ကြေညာချက်တစ်ခု၌ ပြောကြားခဲ့သည်။ကယ်ဆယ်ရရှိခဲ့သည့် ရွှေ့ပြောင်းသူများတွင် အမျိုးသား ၈၄ ဦး၊ အမျိုးသမီး ၁၅ ဦးနှင့် ကလေး ၁၈ ဦး ပါဝင်ကြောင်း ကြေညာချက်အရ သိရသည်။အဆိုပါ ရွှေ့ပြောင်းသွားလာသူများအား ထရီပိုလီမြို့ရှိ လက်ခံရေးစင်တာတွင် လူသားချင်း စာနာထောက်ထားမှုနှင့် ကျန်းမာရေးအကူအညီများ ပေးအပ်ထားကြောင်း ကြေညာချက်၌ ဖြည့်စွက်ဖော်ပြထားသည်။

၂၀၁၁ ခုနှစ်က လစ်ဗျားခေါင်းဆောင်ဟောင်း မွမ်မာကဒါဖီ (Muammar Gaddafi) အား ဖြုတ်ချပြီးနောက် ပုန်ကန်ထကြွမှုများဖြစ်ပေါ်ခဲ့သည့် လစ်ဗျားနိုင်ငံတွင် မတည်ငြိမ်မှုနှင့် ပရမ်းပတာဖြစ်မှုများ ဖြစ်ပေါ်နေခဲ့ပြီး တရားမဝင် ရွှေ့ပြောင်းသွားလာသူများအတွက် မြေထဲပင်လယ်အား ဖြတ်သန်း၍ ဥရောပသို့ ဝင်ရောက်ရေး မျှော်လင့်ချက်ဖြင့် နိုင်ငံအတွင်းမှ ထွက်ခွာရန် ပို၍ရွေးချယ်စရာဖြစ်လာခဲ့သည်။ (Xinhua)