Connect with us

Africa & Middle East

အီဂျစ်သမ္မတ က ဝန်ထမ်းများ၏ လုပ်ခလစာအား တိုးမြှင့်ပေး

အီဂျစ်နိုင်ငံ သမ္မတ အဗ္ဗဒယ်လ်-ဖက်တာ အယ်လ်-စီစီ အားတွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ မတ် ၃၁ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ သမ္မတ အဗ္ဗဒယ်လ်-ဖက်တာ အယ်လ်-စီစီ (Abdel-Fattah al-Sisi) သည် ဝန်ထမ်းများ၏ အနည်းဆုံးလုပ်ခလစာအား တစ်လလျှင် အီဂျစ်ငွေ ၁,၂၀၀ ပေါင် မှ ၂,၀၀၀ပေါင် (အမေရိကန်ဒေါ်လာ ၁၁၅.၇၄ ဒေါ်လာ) အထိ မတ် ၃၀ ရက်တွင် တိုးမြှင့်ပေးခဲ့ကြောင်း နိုင်ငံပိုင် Nile TV က ဖော်ပြခဲ့သည်။

သမ္မတ က ယခုကဲ့သို့ လစာတိုးမြှင့်မှုသည် အီဂျစ်နိုင်ငံသား အလုပ်သမားအားလုံး အတွက် အကျုံးဝင်ကြောင်း အီဂျစ်နိုင်ငံသား အမျိုးသမီးများ နှင့် မိခင်များအား ဂုဏ်ပြုသည့်အခမ်းအနားတစ်ခု ၌ ပြောကြားခဲ့သည်။

သမ္မတ က ယခုလုပ်ဆောင်ချက်သည် အီဂျစ်နိုင်ငံသားများအပေါ် သက်ရောက်မှုရှိနေသည့် ခြိုးခြံခြွေတာမှုအတိုင်းအတာများကို ပယ်ဖျယ်ပေးရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက ခက်ခဲသည့် ကာလများ မပြီးဆုံးသေးသော်လည်း အီဂျစ်နိုင်ငံ၏ အခြေအနေများ တိုးတက်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်အတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က အမေရိကန်ဒေါ်လာ ၁၂ဘီလီယံ ချေးငွေထုတ်ပေးခဲ့ကြောင်း နှင့် ၎င်းထောက်ပံ့ငွေများအနက် သုံးပုံ၂ပုံအား ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.