Connect with us

Africa & Middle East

လစ်ဗျား နိုင်ငံ တွင် တိုက်ခိုက်မှု ဖြစ်ပွား ရာ ၈ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိ

လစ်ဗျား နိုင်ငံ ရှိ လက်နက်ကိုင် တပ်ဖွဲ့ ဝင်များ တိုက်ခိုက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

တူနီးရှား ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

လစ်ဗျား နိုင်ငံ လုံခြုံရေး ဌာန က သြဂုတ်လ ၂၇ ရက်နေ့၌ လစ်ဗျား နိုင်ငံ မြို့တော် အရှေ့တောင်ပိုင်း ၄၀ ကီလိုမီတာ အကွာအဝေးရှိ လာဇီယာ မြို့တွင် လက်နက်ကိုင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ၈ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

လစ်ဗျား နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန မှ အမည်မဖော်လိုသူ အရာရှိတစ်ဦး က ဆင်ဟွာ သတင်းဌာန သို့ပြောကြားခဲ့ရာတွင် တာဟူနာ ဒေသ မှ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု သည် သြဂုတ်လ ၂၆ ရက်နေ့၌ လာဇီယာ မြို့ရှိ ဒေသခံ ပြည်သူတစ်ဦး ကို သတ်ဖြတ်ခဲ့သဖြင့် ဒေသတွင်းပြည်သူ တို့နှင့် ပြင်းထန်သည့် တိုက်ခိုက်မှု များဖြစ်ပွားခဲ့ကြောင်း ၊ လက်နက်ကိုင် တပ်ဖွဲ့သည် တင့်ကား နှင့် အမြောက်များဖြင့် လာဇီယာ မြို့ရှိ ပြည်သူ တို့အား တိုက်ခိုက်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် အမည်မဖော်လိုသူ အရာရှိ က နှစ်ဘက်တိုက်ခိုက်မှု လွန်စွာ ပြင်းထန်သဖြင့် ကယ်ဆယ်ရေး သမားတို့သည် အခင်းဖြစ်ပွားရာနေရာ သို့ ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်ရန် ဝင်ရောက်နိုင်ခဲ့ခြင်းမရှိ သဖြင့် သေဆုံးဒဏ်ရာရရှိသူ စာရင်းမှာ ပိုမိုမြင့်တက် လာနိုင်ကြောင်း ပြောကြား ခဲ့သည်။

၂၀၁၁ ခုနှစ် လစ်ဗျားစစ်ပွဲ ပြီးဆုံးပြီးနောက် လစ်ဗျား နိုင်ငံ ၏ အခြေအနေမှာ တည်ငြိမ်မှု မရှိခဲ့ဘဲ ကုလသမဂ္ဂ ၏ ဆောင်ရွက်ပေးမှုဖြင့် လစ်ဗျား နိုင်ငံ ၏ အတိုက်အခံ လွှတ်တော် နှစ်ခု မှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ တွင် လစ်ဗျားနိုင်ငံရေး သဘောတူညီမှု စာချုပ်ကို ချုပ်ဆို နိုင်ခဲ့ပြီး ညွန့်ပေါင်း အမျိုးသားစည်းလုံးရေး အစိုးရ တည်ထောင်ရန် သဘောတူညီခဲ့ကြသည်။ သို့သော် လက်ရှိချိန်တွင် လစ်ဗျားနိုင်ငံ မှ နှစ်ဘက်သောသူများသည် အမျိုးသားစည်းလုံးရေး အစိုးရ ၏ ဦးဆောင်မှု ကို မလိုက်နာတော့ဘဲ လစ်ဗျား နိုင်ငံသည်လည်း မတည်ငြိမ်မှု နှင့် သဘောထားကွဲလွဲမှု များဖြင့် ပြည့်နှက်နေခဲ့သည်။(Xinhua)