Connect with us

Africa & Middle East

အီရတ် နိုင်ငံ ဘဂ္ဂဒက်မြို့တွင် ကားဗုံးဖောက်ခွဲမှု ဖြစ်ပွား ခဲ့ရာ ၁၂ ဦး သေဆုံး ပြီး ၂၄ ဦး ဒဏ်ရာရရှိ

အီရတ် နိုင်ငံ စဒယ်မြို့တွင် ယခုနှစ်ဖေဖော်ဝါရီလ က ဖြစ်ပွား ခဲ့သည့် ကားဗုံး တိုက်ခိုက်မှု အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက် ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

အီရတ် နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန က နိုင်ငံ မြို့တော် ဘဂ္ဂဒက် အရှေ့ပိုင်းတွင် သြဂုတ်လ ၂၈ ရက်နေ့၌ ကားဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ရာ ၁၂ ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အီရတ် နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန မှ အမည်မဖော်လိုသူ အရာရှိ တစ်ဦး က ဆင်ဟွာ သတင်းဌာန သို့ပြောကြား ခဲ့ရာတွင် သြဂုတ်လ ၂၈ ရက်နေ့ ဒေသစံတော်ချိန် နေ့လယ်ပိုင်းအချိန်တွင် ပေါက်ကွဲစေသည့် ပစ္စည်းများ အပြည့် တင်ဆောင်ထားသည့် ကားတစ်စင်းသည် ဘဂ္ဂဒက်မြို့အရှေ့ပိုင်းရှိ စဒယ်မြို့နယ် ရှိ ဈေးတစ်ခု တွင် ဖောက်ခွဲခဲ့ရာ လူများသေဆုံးဒဏ်ရာရရှိမှု အပြင် ဈေးဆိုင်ခန်းများ နှင့် ကားများလည်း ပျက်စီး ခဲ့ကြောင်း ပြောကြား ခဲ့သည်။

စဒယ်မြို့ သည် အီရတ် နိုင်ငံ အတွင်းရှိ ရှီးအိုက် ဘာသာဝိုင်များ စုဝေး နေထိုင်ရာ ဒေသ တစ်ခု ဖြစ်ပြီး လတ်တလော နှစ်ပိုင်းတွင် အကြမ်းဖက်တိုက်ခိုက်မှု များ မကြာခဏ ဖြစ်ပွား ခဲ့သည်။

အီရတ် နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ကူညီထောက်ပံ့ရေး အဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ ယခုနှစ် ဇူလိုင်လပိုင်းတွင် အီရတ် နိုင်ငံ အတွင်း၌ ဖြစ်ပွား ခဲ့သည့် တိုက်ခိုက်မှု နှင့် အကြမ်းဖက်တိုက်ခိုက်မှု များကြောင့် အရပ်သားပေါင်း ၂၃၉ ဦး သေဆုံး ခဲ့ပြီး ၂၇၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.