Africa & Middle East
လူ ၁၈၀ ဦး လိုက်ပါသွားသော ယူကရိန်း ခရီးသည်တင်လေယာဉ်တစ်စင်း အီရန် လေဆိပ်တွင် ပျက်ကျ

တီဟီရန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)
လူပေါင်း ၁၈၀ ဦး လိုက်ပါလာသည့် ယူကရိန်း အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းပိုင် ဘိုးရင်း 737 ခရီးသည်တင်လေယာဉ်တစ်စင်းသည် အီရန်နိုင်ငံ အီမမ်ခိုမီလေဆိပ်မှ ပျံတက်ပြီး မကြာမီ ပျက်ကျသွားခဲ့ကြောင်း အီရန် Fars သတင်းအေဂျင်စီက ဇန်နဝါရီ ၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။ (Xinhua)