Connect with us

Africa & Middle East

လုပ်ကြံခံရသော အီရန်ဗိုလ်ချုပ်ကြီး၏ နောက်ဆုံးခရီးကို ပြည်သူထောင်ပေါင်းများစွာ လိုက်ပါပို့ဆောင် 

အမေရိကန်တိုက်ခိုက်မှုအတွင်းသေဆုံးသွားသော ဗိုလ်ချုပ်ကြီး Qassem Solemani ၏ အသုဘ အခမ်းအနားသို့ အီရန်ပြည်သူ ထောင်ပေါင်းများစွာ တက်ရောက်စဉ်(ဆင်ဟွာ)

 

တီဟီရန်၊ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ)

လုပ်ကြံသတ်ဖြတ်ခံရသော အီရန်နိုင်ငံ၏ ထိပ်တန်းစစ်ဘက်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီးဆိုလီမန်နီ (Qassem Soleimani) ၏ အသုဘအခမ်းအနားကို ဇန်နဝါရီ ၆ ရက်တွင်ပြုလုပ်ခဲ့ပြီး အီရန်ပြည်သူထောင်ပေါင်းများစွာ လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရသည်။

အနက်ရောင်ဝတ်စုံဆင်မြန်းထားသော ပူဆွေးဝမ်းနည်းနေကြသည့် အီရန်ပြည်သူ များသည် ဗိုလ်ချုပ်ကြီးဆိုလီမန်နီအား နောက်ဆုံးအကြိမ်ဂါရဝပြုရန်အတွက် Enghelab(တော်လှန်ရေး) နှင့် Azadi (လွတ်မြောက်ရေး) လမ်းဆုံ စုရပ်စီသို့ ဦးတည်ချီတက်ခဲ့ကြကြောင်း နှင့် တက်ရောက်လာသူများက အမေရိကန်ဆန့်ကျင်ရေးကြွေးကြော်သံများ ဟစ်ကြွေးခဲ့ကြသလို ဒေသတွင်းမှ အမေရိကန်လျင်မြန်စွာထွက်ခွာသွားရန် ဆိုင်းဘုတ်များကိုင်ဆောင်၍ အော်ဟစ်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

အမေရိကန်တိုက်ခိုက်မှုအတွင်းသေဆုံးသွားသော ဗိုလ်ချုပ်ကြီး Qassem Solemani ၏ အသုဘ အခမ်းအနားသို့ အီရန်ပြည်သူ ထောင်ပေါင်းများစွာ တက်ရောက်စဉ်(ဆင်ဟွာ)

အီရန်နိုင်ငံထိပ်တန်းခေါင်းဆောင် အယာတိုလာခိုမေနီက ဗိုလ်ချုပ်ကြီးဆိုလီမန်နီ၏ ရုပ်အလောင်းအတွက် ဘာသာရေးထုံးတမ်းစဉ်လာများနှင့်အညီ ရွတ်ဆို ဆုတောင်း ပတ္တနာပြုပေးခဲ့သည်။အဆိုပါ အသုဘအခမ်းအနားသို့ အီရန်နိုင်ငံသမ္မတ ဟန်ဆန်ရိုဟန်နီ ၊ လွှတ်တော်ဥက္ကဋ္ဌ Ali Larijani နှင့် တရားသူကြီးချုပ် Ebrahim Reisi တို့အပါအဝင် အဆင့်မြင့်အရာရှိကြီးများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သိရသည်။အီရန်နိုင်ငံ IRGC တပ်ဖွဲ့၏ တပ်မှူးအသစ်ဖြင့် ခေါင်းဆောင်ကြီး ခိုမေနီ၏ ခန့်အပ်ခြင်းခံရသော ဗိုလ်မှူးချုပ် Esmail Ghaani က လက်စားချေမည်ဟု အခိုင်အမာ ကတိပြုပြောကြားခဲ့သည်။

အမေရိကန်တိုက်ခိုက်မှုအတွင်းသေဆုံးသွားသော ဗိုလ်ချုပ်ကြီး Qassem Solemani ၏ အသုဘ အခမ်းအနားသို့ အီရန်ပြည်သူ ထောင်ပေါင်းများစွာ တက်ရောက်စဉ်(ဆင်ဟွာ)

အမေရိကန်တိုက်ခိုက်မှုအတွင်းသေဆုံးသွားသော ဗိုလ်ချုပ်ကြီး Qassem Solemani ၏ အသုဘ အခမ်းအနားသို့ အီရန်ပြည်သူ ထောင်ပေါင်းများစွာ တက်ရောက်စဉ်(ဆင်ဟွာ)

အီရန်နိုင်ငံ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC) ၏ တပ်မှူးဖြစ်သူ ဗိုလ်ချုပ်ကြီး ဆိုလီမန်နီသည် ပြီးခဲ့သော ဇန်နဝါရီ ၃ ရက်တွင် အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့၌ အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ဗိုလ်ချုပ်ကြီး ဆိုလီမန်နီ လုပ်ကြံခံရခြင်းကြောင့် အမေရိကန် နှင့် အီရန် အကြား တင်းမာမှု အမြင့်ဆုံးအဆင့်တစ်ခုသို့ ရောက်ရှိခဲ့ရသည်။ ပြီးခဲ့သော ဇန်နဝါရီ ၅ ရက်တွင် အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်က အကယ်၍ အီရန်ဘက်မှ လက်တုံ့ပြန်မှုပြုလုပ်လာလျှင် အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ် ၅၂ ခုကို တိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက် ပြောကြားခဲ့သည်။(Xinhua)