Africa & Middle East
အကျဉ်းသားများအတွက် ထောင် ပြင်ပ ကနဦးလှုပ်ရှားမှု ဆော်ဒီ စတင်
ရီယတ်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
ဆော်ဒီ အာရေဗျနိုင်ငံ မြို့တော် ရီယတ်တွင် အကျဉ်းသားများအား အကျဉ်းသားထောင်ပြင်ပတွင်ပါ အလုပ်လုပ်ကိုင်ခွင့် အပါအဝင် လုပ်ငန်းပေါင်းများစွာ ခွင့်ပြုမည့် ထောင်ပြင်ပ ကနဦးလှုပ်ရှားမှုတစ်ရပ်အား မိတ်ဆက်လိုက်ကြောင်း ဒေသခံ သတင်းစာ Al Riyadh သတင်းစာက အောက်တိုဘာလ ၂၃ ရက်၌ ဖော်ပြထားသည်။
အဆိုပါ ကနဦး လှုပ်ရှားမှုသည် အကျဉ်းသားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ တိုးတက်စေရန်နှင့် ပြစ်ဒဏ် ကျခံပြီးပါက လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ရောက်ရာတွင် လွယ်ကူမှုရှိစေရန် စသည့် ရည်ရွယ်များဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ရီယတ် စွမ်းရည် ပြုပြင်မွမ်းမံခြင်းဆိုင်ရာ ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ခါလစ် အယ်လ် မဲလ်ကီက ပြောကြားခဲ့ပြီး အလုပ်လုပ်ကိုင်ခွင့်ပြုမည့် အကျဉ်းသားများအတွက် စည်းမျဉ်းများနှင့် အနေအထားများကိုမူ ပြောကြားထားခြင်း မရှိပေ။
ယခု စီမံချက်အသစ်၌ ခွင့်ပြုခံသော အကျဉ်းသားသည် နံနက်ပိုင်းတွင် ထောင်မှ ထွက်ပြီး ညတွင်းချင်း ပြန်လာရမည် ဖြစ်သည်။
ထိုသို့ အကောင်အထည်ဖော်မည့် လုပ်ငန်းများ၌ ထောင်ဒဏ် ခြောက်လ ကျခံပြီးသည့် အကျဉ်းသားများအတွက် ဖြစ်ပြီး အကျဉ်းထောင်ပြင်ပတွင် ၎င်းတို့၏ နေထိုငိမှုဘဝအား ချိန်ညှိနိုင်ရန်အတွက် ဖြစ်ကြောင်း၊ ပြစ်ဒဏ်များ ကျခံနေရသည့် အကျဉ်းသားများအတွက် အလုပ်အကိုင် ဖန်တီးပေးခြင်းသည် ကနဦး လှုပ်ရှားမှု၏ အစိတ်အပိုင်းလည်း ဖြစ်ကြောင်း သိရသည်။
စက်မှုမြို့များ လက်ထောက် အာဏာပိုင်က အကျဉ်းထောင် အနီးဝန်းကျင်၌ သင်တန်းပေးထားသည့် အကျဉ်းသားများအား ငှားရမ်းလုပ်ကိုင်နိုင်ရန်အတွက် စက်ရုံများနှင့် အခြား စက်မှုလုပ်ငန်းဆိုင်ရာ အဆောက်အအုံများ တည်ထောင်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ထို့ပြင် အကျဉ်းသားများအနေဖြင့် မင်္ဂလာဆောင်ရန်အတွက် အပြင်ထွက်ခွင့်အား ၄၈ နာရီအထိ တိုးမြင့် ရရှိနိုင်ရန်လည်း လုပ်ဆောင်နေကြောင်း သိရသည်။ (Xinhua)