Connect with us

Africa & Middle East

ပါကစ္စတန်ရဲလေ့ကျင့်ရေးကျောင်း တိုက်ခိုက်ခံရ ၅၇ ဦးသေ ၊ ၁၁၇ ဦးဒဏ်ရာရ

ပါကစ္စတန်အကြမ်းဖက်မှုအတွင်း ဒဏ်ရာရသူများအား အရေးပေါ်ကယ်ဆယ်နေကြစဉ်(ဆင်ဟွာ)

အစ္စလမ်မာဘတ် ၊ အောက်တိုဘာ ၂၅ ရက်

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Quetta မြို့ရှိ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းအား အောက်တိုဘာလ ၂၄ ရက် ညပိုင်းက အကြမ်းဖက်သမားများက တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူပေါင်း ၅၉ ဦးသေဆုံးပြီး ၁၁၇ ဦးဒဏ်ရာရသွားကြောင်း အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းထုတ် ဒေသတွင်းသတင်းစာများက ရေးသားဖော်ပြသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေမှာ ဆက်လက်မြင့်တက်လာနိုင်ကြောင်း ပါကစ္စတန်ပြည်တွင်း Urdu TV သတင်းချန်နယ်က သတင်းဖော်ပြခဲ့သည်။ ပြည်နယ် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး Sarfaraz Bugti က Balochistan ပြည်နယ် Quetta မြို့Saryab လမ်းမပေါ်ရှိ ရဲလေ့ကျင့်ရေးသင်တန်းကျောင်း တိုက်ခိုက်ခံရမှုတွင် သေဆုံးသူဦးရေမှာ ၂ဝ ဦးအထက်ရှိကြောင်း နှင့် ဒဏ်ရာရသူမှာ ၁ဝ၉ ဦးအထိ ရှိကြောင်း အစောပိုင်းက ပြောကြားခဲ့သည်။

ဒဏ်ရာရသူ ၁၁၇ ဦးကို Quetta မြို့ထဲရှိ ပြည်သူ့ဆေးရုံသို့၇၈ ယောက်၊ ဆေးပေးခန်းသို့ ၃၂ ယောက် နှင့် စစ်ဆေးရုံသို့ ၇ ယောက် အသီးသီး ပို့ဆောင်ထားကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စက်သေနတ်များ ၊ အသေခံဝတ်စုံများ နှင့် လက်ပစ်ဗုံးများ အသီးသီးကိုင်ဆောင်ထားသည့် အဖွဲ့ဝင်သုံးဦး ပါဝင်သော အကြမ်းဖက်အဖွဲ့တစ်ဖွဲ့က စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၊ ၎င်းတို့သည် အောက်တိုဘာလ ၂၄ ရက် ည ၁၁ နာရီ ၅ မိနစ်ခန့်တွင် လေ့ကျင့်ရေးသင်တန်ကျောင်း၏ လုံခြုံရေးအစောင့်တစ်ဦးကို သတ်ဖြတ်ပြီး ကျောင်းဝင်းကို ဝင်စီးခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ နယ်စပ်လုံခြုံရေးပြည်သူ့စစ် တပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ် Sher Afgun က ပြောကြားခဲ့သည်။

ထို့နောက်တွင် အကြမ်းဖက်သမားများသည် ရဲလေ့ကျင့်ရေးသင်တန်းကျောင်းကို ဝင်စီးခဲ့ပြီးနောက် ရဲလေ့ကျင့်ရေးသင်တန်းသား ၂ဝဝ ခန့်ကို သင်တန်းထမင်းစားဆောင်တွင် ဓားစာခံများအဖြစ်ဖမ်းဆီးထားခဲ့ကြောင်း ၊ အဆိုပါ ဓားစာခံများကို ကယ်တင်သော လေးနာရီကျော်ကြာ ပြုလုပ်သော စစ်ဆင်ရေးအတွင်း အကြမ်းဖက်သမား သုံးဦးကို သုတ်သင်နိုင်ခဲ့ကြောင်း Bugti ကဆက်ပြောသည်။

“လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်သမားတစ်ယောက်ကို သေနတ်နဲ့အသေပစ်သတ်ခဲ့တယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပစ်လိုက်တဲ့ ကျည်ဆံထိပြီး သူတို့ကိုယ်မှာ တပ်ဆင်ထားတဲ့ ဗုံးတွေ ပေါက်ကွဲ သေဆုံးသွားကြတာပါ။ ဒီဖြစ်စဉ်မှာ သေဆုံးသူဦးရေဟာ ဆက်ပြီးမြင့်တက်လာနိုင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါလေ့ကျင့်ရေးသင်တန်းကျောင်းတွင် ရဲတပ်ဖွဲ့ဝင် ၅ဝဝဦး မှ ၇ဝဝ ဦးထိ သင်တန်းတက်ရောက်လျက်ရှိကြောင်း နှင့် အခင်းဖြစ်ချိန်တွင် သင်တန်းမှူးမှာ လေ့ကျင့်ရေးသင်တန်းစင်တာတွင် ရှိနေကြောင်း ရဲတပ်ဖွဲ့ပြောဆိုချက်အရ သိရသည်။

ပါကစ္စတန်နိုင်ငံအာဏာပိုင်များက ဒဏ်ရာရသူရဲတပ်ဖွဲ့ဝင်များအတွက် ပြည်သူများအနေဖြင့် သွေးလှူဒါန်းပေးကြရန် တိုက်တွန်းထားပြီး Quetta မြို့ရှိဆေးရုံအားလုံးကို အရေးပေါ်အခြေအနေကြေညာထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.