Connect with us

Africa & Middle East

အစ္စရေးက ဒမက်စကက်စ် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒုံးကျည်ဖြင့် တိုက်ခိုက်သည်ဟု ဆီးရီးယားမီဒီယာများက ဆို

ဆီးရီးယားနိုင်ငံ ဒမက်စကက်စ်မြို့တွင် ပစ်လွှတ်သည့် ဒုံးကျည်လမ်းကြောင်းအား တွေ့ရစဉ်(ဆင်ဟွာ)

ဒမက်စကက်စ်၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ မြို့တော် ဒမက်စကက်စ်ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စက်တင်ဘာလ ၁၅ ရက် ညပိုင်းတွင် အစ္စရေးတို့က ဒုံးကျည်ဖြင့်တိုက်ခိုက်ခဲ့ကြောင်း ဆီးရီးယား အစိုးရမီဒီယာများ၏ ယင်းနေ့တွင် ထုတ်ပြန်သည့် သတင်းများအရ သိရသည်။

အချင်းဖြစ်ပွားသည့်ညတွင် ဒမက်စကက်စ်မြို့တစ်ခွင် ပေါက်ကွဲသံများ ဆက်တိုက်မြည်ဟိန်းသွား သည်ကို ကြားရသလို အရှေ့တောင် ကောင်းကင်တစ်ခွင်တွင် လေကြောင်းကာကွယ်ရေးဒုံးကျည် လွှတ်သည့်အခြေအနေကို တွေ့ရသည်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးယာဉ်များ လေဆိပ်ရှိရာသို့ အရေးပေါ်သွားရောက်ခဲ့ ကြောင်း၊လက်ရှိတွင် သေဆုံးဒဏ်ရာရမှုအခြေအနေကို အတိအကျမသိရသေးကြောင်း သိရသည်။

ဒုံးကျည်အချို့ကို ဆီးရီးယားက လေကြောင်း ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ဆီးရီးယား စစ်တပ်၏ သတင်းများကို ကိုးကား၍ ဆီရီးယားမီဒီယာများက ဖော်ပြထားသည်။

လွန်ခဲ့သော နှစ်ဝက်ကြာ ကာလအတွင်းတွင် အစ္စရေးစစ်တပ်က ဒုံးကျည် ၊အမြောက်ကျည်ဆံ ၈၀၀ ကျော် ဖြင့် ဆီးရီးယား နယ်နိမိတ်အတွင်းရှိ စစ်ဘက်ဆိုင်ရာပစ်မှတ် ၂၀၀ ကျော်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးမီဒီယာများက အစ္စရေးကာကွယ်ရေးတပ် အဆင့်မြင့်အရာရှိတစ်ဦး၏ အဆိုကို ကိုးကား၍ စက်တင်ဘာလ ၄ ရက်နေ့တွင် ဖော်ပြခဲ့သည်။

အစ္စရေးက အီရန်သည် အရှေ့အလယ်ပိုင်းဒေသရှိ အင်အားကို ချဲ့ထွင်နေကြောင်း ၊ ဆီးရီးယားတွင် အီရန်စစ်အခြေစိုက်စခန်း ထားရှိကြောင်း ၊ ထိုသို့လုပ်ဆောင်ခြင်းမှာ အစ္စရေး၏လုံခြုံရေးကို အန္တရာယ် ဖြစ်စေကြောင်း ဆိုသည်။ ဆီးရီးယားနှင့်အီရန်အစိုးရကမူ ဆီးရီးယားတွင် အီရန် စစ်အခြေစိုက်စခန်း မရှိဟု ငြင်းဆိုထားသလို ဆီးရီးယားအစိုးရ၏ဖိတ်ကြားချက်အရ စေလွှတ်ထား သည့် စစ်ရေး အကြံပေးသာရှိကြောင်း ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.