Africa & Middle East
အစ္စရေးနှင့် ဆက်ဆံရေးအဆုံးသတ်ပါက ဆော်ဒီနှင့် ချစ်ကြည်ရေးပြန်လည်တည်ဆောက်သွားရန် အသင့်ရှိကြောင်း အီရန်သမ္မတပြောကြား
တီဟီရန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံသမ္မတ ဟက်ဆန်ရိုဟာနီ က ဆော်ဒီအာရေဗီးယားနိုင်ငံအနေဖြင့် အစ္စရေးနိုင်ငံ နှင့် ဆက်ဆံရေးကို အဆုံးသတ်လိုက်ပါက အီရန်နိုင်ငံသည် ဆော်ဒီ နှင့် ချစ်ကြည်ရေးပြန်လည်တည်ဆောက်သွား မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၀ ရက်တွင်ပြောကြားလိုက်သည်။
ရိုဟာနီ က ဆော်ဒီသည် အစ္စရေးအား ဦးညွှတ်နေခြင်းကိုရပ်တန့်ပြီး ၎င်းကိုယ်၎င်း မှီခိုမှု ပြုလုပ်ပါက အီရန် နှင့် ဆော်ဒီအကြားဆက်ဆံရေးတွင် ပြဿနာရှိမည်မဟုတ်ကြောင်း ပါလီမန်အစည်းအဝေးတစ်ခု၌ ပြောကြားခဲ့သည်။
၎င်းက ဆော်ဒီသည် အစ္စရေးနှင့် ဆက်ဆံမှုကို ဖြတ်တောက်ပြီး ယီမင်နိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုမရှိသည့် ဗုံးကြဲတိုက်ခိုက်မှုများကို ရပ်တန့်ရန် အီရန်နိုင်ငံက အလိုရှိကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ရှီယိုက်ဘာဘာရေးခေါင်းဆောင်တစ်ဦးအား ဆော်ဒီအာရေဗီးယားနိုင်ငံက သေဒဏ်ပေးခဲ့ပြီးနောက် အီရန်တွင် ဖြစ်ပွားခဲ့သည့် ဆော်ဒီ၏ သံတမန်ရေးရာလုပ်ငန်းများ တိုက်ခိုက်ခံရမှုကို ဆန့်ကျင်သည့်အနေဖြင့် ၂၀၁၆ခုနှစ် အစောပိုင်းတွင် ဆော်ဒီက အီရန်နှင့်သံတမန်ဆက်ဆံရေးဖြတ်တောက်ခဲ့ကြောင်း သိရသည်။ (Xinhua)