Connect with us

Africa & Middle East

အီရန် နိုင်ငံ အနောက်ပိုင်း ဒေသတွင် ပြင်းအား ၆.၀ အဆင့်ရှိ ငလျင် လှုပ်ခတ်

ငလျင် ဖြစ်ပွား ခဲ့သည့် အီရန် နိုင်ငံ Kermanshah ပြည်နယ် အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

တီဟီရန် ၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

အီရန် နိုင်ငံ ငလျင် တိုင်းတာရေး စင်တာ ၏ ထုတ်ပြန်ကြေညာချက် အရ အီရန် နိုင်ငံ အနောက်ပိုင်း Kermanshah ပြည်နယ်တွင် ဒီဇင်ဘာ ၁၁ ရက်၌ ပြင်းအား ၆.၀ အဆင့်ရှိသော ငလျင် တစ်ခု လှုပ်ခတ် ခဲ့ကြောင်း သိရှိခဲ့ရသည်။

ထုတ်ပြန်ချက်တွင် ငလျင်သည် မြောက်လတ္တီကျု ၃၅.၀၆ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၄၅.၇၉ ဒီဂရီအကြား မြေအောက်အနက် ၁၀ ကီလိုမီတာ၌ ဗဟိုပြုကာ လှုပ်ခတ်ခဲ့ကြောင်း ပါဝင် ခဲ့သည်။

အီရန် နိုင်ငံ ပိုင် ရုပ်သံဌာန ၏ သတင်းထုတ်ပြန်ချက်တွင် ငလျင်ဖြစ်ပွား ရာနေရာတွင် ပြင်းထန်စွာ လှုပ်ခတ်မှု ဖြစ်ပွား ခဲ့ပြီး ဒေသတွင်း အစိုးရ အနေဖြင့် အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

လတ်တလော ကာလပိုင်းတွင် အီရန် နိုင်ငံ ၌ ငလျင်များ အဆက်မပြတ် ဖြစ်ပွား ခဲ့ပြီး နိုဝင်ဘာ ၁၂ ရက်နေ့တွင် အီရန် နိုင်ငံ အနောက်ပိုင်း၌ လှုပ်ခတ်ခဲ့သော ၇.၃ အဆင့်ရှိ ငလျင်ကြောင့် လူပေါင်း ၄၇၀ သေဆုံးခဲ့ပြီး ၉၀၀၀ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.