Connect with us

Africa & Middle East

ဂျေရုဆလင်၌ ပါလက်စတိုင်းတစ်ဦး၏ ဓားဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရ


ဂျေရုဆလင် ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ)

အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့အပြင်ဘက်ရှိ ဘတ်စ်ကားမှတ်တိုင်တစ်ခု၌ ဒီဇင်ဘာ ၁ဝ ရက်တွင် ပါလက်စတိုင်းလူမျိုးတစ်ဦး၏ ဓားဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

တိုက်ခိုက်သူမှာ အနောက်ဘက်ကမ်းဒေသတွင် နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် ပါလက်စတိုင်းလူမျိုးတစ်ဦးဖြစ်ကြောင်း၊ အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကို ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ၎င်းတိုက်ခိုက်မှုကို “ အကြမ်းဖက်မှု” အဖြစ် သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အဆိုပါဓားသမားကို အခင်းဖြစ်နေရာအနီးအနားရှိ ရဲတပ်ဖွဲ့ဝင်များ နှင့် ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

ဂျေရုဆလင်၌ အစ္စရေး- ပါလက်စတိုင်း နှစ်ဖက်တင်းမာနေမှုမြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

အစ္စရေးနိုင်ငံ Magen David Adom အရေးပေါ်ဆေးကုသရေးအဖွဲ့က အသက် ၂၅ နှစ်အရွယ် အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း နှင့် ၎င်းအားဆေးရုံသို့ပို့ဆောင်ပေးထားပြီး စိုးရိမ်ရသော အခြေအနေတွင် ရှိနေကြောင်း ပြောကြားခဲ့သည်။

မကြာသေခင်းက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ဂျေရုဆလင်မြို့အား အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် အသိအမှတ်ပြုကြေညာခဲ့ပြီးနောက်တွင် ယင်းဆုံးဖြတ်ချက်အပေါ် ကမ္ဘာတစ်ဝန်းလုံးရှိ မွတ်စလင်များ နှင့် ပါလက်စတိုင်းလူမျိုးများက ပြင်းထန်စွာ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ပြီးခဲ့သော ရက်သတ္တပတ်အတွင်း အနောက်ဘက်ကမ်း နှင့် ဂါဇာကမ်းမြောင်ဒေသများတွင် အစ္စရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် ပါလက်စတိုင်းများအကြား နှစ်ဖက် ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပွားခဲ့ရာ ပါလက်စတိုင်း ၄ ဦးသေဆုံးခဲ့ပြီး အခြား ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.