Connect with us

Africa & Middle East

အစ္စရေး နိုင်ငံမှ ဝင်ရောက်လာသော အမေရိကန် နိုင်ငံသားကို လက်ဘနွန် စစ်တပ်က ဖမ်းဆီး

လက်ဘနွန် နိုင်ငံ တောင်ပိုင်းတွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ ဝင်များအား တွေ့ ရစဉ်(ဆင်ဟွာ)

ဘေရွတ် ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ)

အစ္စရေး နိုင်ငံမှ လက်ဘနွန် နိုင်ငံ တောင်ပိုင်းသို့ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား တစ်ဦးအား ဇန်နဝါရီ ၁၇ ရက်တွင် လက်ဘနွန် စစ်တပ်က ဖမ်းဆီးမိ ခဲ့ကြောင်း လက်ဘနွန် စစ်တပ်၏ ထုတ်ပြန်မှု အရ သိရသည်။

လက်ဘနွန် စစ်တပ်က အမေရိကန် နိုင်ငံသား Colin Emery အား လက်ဘနွန် နိုင်ငံ တောင်ပိုင်း Tyre မြို့တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ရှာဖွေမှု များ ဆက်လက် ပြုလုပ်ခဲ့ပြီးနောက် တရားရေး ဆိုင်ရာ အဖွဲ့အစည်းများထံ ထပ်မံ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုအမေရိကန် နိုင်ငံသားသည် သိမ်းပိုက်ခံ ပါလက်စတိုင်း နယ်မြေများမှ လက်ဘနွန် နိုင်ငံသို့ ဇန်နဝါရီ ၁၅ ရက်တွင် ဝင်ရောက် လာခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ဇန်နဝါရီ ၁၅ ရက် သတင်းများ အရ လူတစ်ယောက်သည် အစ္စရေး စစ်တပ် ဝတ်စုံအား ဝတ်ဆင်ကာ Bint Jbeil ဒေသ ၊ Ayta Shaab မြို့သို့ဝင်ရောက်ခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။

ထိုသံသယရှိသူသည် ဟီဘရူး ဘာသာဖြင့် ရေးသားထားသော စာရွက်စာတမ်းများ ပါဝင်သည့် သေတ္တာ တစ်လုံးအား လွှင့်ပစ်ပြီးနောက် ထွက်ပြေးသွားခဲ့ကြောင်း သတင်းများ အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.