Connect with us

Africa & Middle East

ဆီးရီးယား နိုင်ငံ မြောက်ပိုင်း တွင် ဗုံးခွဲ တိုက်ခိုက်ခံရမှု ဖြစ်ပွား လူ အနည်းဆုံး ၃၀ သေဆုံးဒဏ်ရာရရှိ

ဆီးရီးယား နိုင်ငံ တွင် ၂၀၁၇ ခုနှစ် ၌ ဖြစ်ပွား ခဲ့သည့် ဗုံးဖောက်ခွဲမှု တစ်ခု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကက်စ် ၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံ မြောက်ပိုင်း ရှိ Manbij မြို့ တွင် ဇန်နဝါရီ ၁၆ ရက် ၌ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၃၀ ဦး သေဆုံးဒဏ်ရာရရှိခဲ့ပြီး IS အစွန်းရောက် အဖွဲ့အစည်း က ဆောင်ရွက်ခဲ့သည် ဟု ကြေညာ ခဲ့ကြောင်း သိရှိရသည်။

ဒေသတွင်း မီဒီယာ ၏ ဖော်ပြချက်အရ ပေါက်ကွဲမှု ဖြစ်ပွား ချိန် က အမေရိကန် ကင်းထောက် တပ်ဖွဲ့ မှာ Manbij မြို့လယ် ကို ဖြတ်သန်း နေချိန် ဖြစ်ကြောင်း ၊ ပေါက်ကွဲမှု ဖြစ်ပွား ပြီးနောက် တွင် IS အစွန်းရောက် အဖွဲ့ က Manbij မြို့ တွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဆောင်ရွက်ခဲ့သည် ဟု ကြေညာ ခဲ့ကြောင်း သိရှိရသည်။

ရုပ်သံထုတ်လွှင့်မှု များမှ တစ်ဆင့် ပေါက်ကွဲမှု က လွန်စွာ ပြင်းထန်ကြောင်း တွေ့ရှိခဲ့ရပြီး သေဆုံးဒဏ်ရာရသူ စာရင်း ပိုမိုမြင့်တက်လာနိုင်ကြောင်း သိရှိရသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၉ ရက် ၌ အမေရိကန် နိုင်ငံ က ဆီးရီးယား မှ တပ်ဖွဲ့ဝင် များ ပြန်လည် ရုပ်သိမ်းမည် ဖြစ်ကြောင်း ကြေညာ ခဲ့ပြီးနောက် Manbij မြို့ တွင် မတည်ငြိမ်မှုများ တစ်ဖြည်းဖြည်း မြင့်တက် လာခဲ့ကြောင်း ၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် ၌ ပြည်သူ့ကာကွယ်ရေး တပ်မတော် က Manbij မြို့ မှ ထွက်ခွာ ခဲ့ပြီး ၎င်းတို့က ဆီးရီးယား နိုင်ငံ အစိုးရ အား ယင်းဒေသ အား ထိန်းချုပ်ရန် ဖိတ်ခေါ်ခဲ့ကြောင်း ၊ ဇန်နဝါရီ ၁၆ ရက် ၌ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ပြီးနောက် တွင် တူရကီ နိုင်ငံ က Manbij မြို့ မတည်ငြိမ်မှု ဆက်လက်မြင့်တက်လာစေနိုင်သည့် ဆောင်ရွက်မှုများ ကို ရှောင်ရှားရမည် ဟု သတိ ပေးခဲ့ကြောင်း သိရှိရသည်။(Xinhua)