Africa & Middle East
အမေရိကန်တပ်ဖွဲ့များ ဆီးရီးယားနိုင်ငံမှ ပြန်လည် ရုပ်သိမ်းမည်ဖြစ်၍ ဒုက္ခသည်များ နိုင်ငံအတွင်း ဝင်လာမည့်အရေး ဆိုက်ပရပ်စ် ပြင်ဆင်
နီကိုဆီးယား၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)
အမေရိကန်တပ်ဖွဲ့များ ဆီးရီးယားနိုင်ငံမှ ပြန်လည် ရုပ်သိမ်းမည်ဖြစ်၍ ဒုက္ခသည်များ နိုင်ငံအတွင်း ဝင်လာမည့်အရေးကို ပြင်ဆင်ထားကြောင်း လက်ရှိ အစိုးရ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ပရိုဒရိုမိုစ် ပရိုဒရိုမို့စ်က ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ဆိုက်ပရပ်စ်အစိုးရအနေဖြင့် အမေရိကန်တပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းမှုကြောင့် တိုက်ခိုက်မှုများ တိုးလာမည်ကို စိုးရိမကြောင်း၊ အိမ်နီးချင်းနိုင်ငံများကို အခြား ဒုက္ခသည်များ ဦးတည်ဝင်ရောက် လာနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။
ဆီးရီးယား၊ တူရကီနှင့် လက်ဘနွန်တို့မှလာသည့် ရွေ့ပြောင်းဒုက္ခသည် ထောင်နှင့်ချီ ဂရုစိုက်နေရခြင်းက အတိုင်းထက်လွန်နေပြီဟု ပရိုဒရိုမို့စ်က ဆိုသည်။
ဒုက္ခသည်အရေးနှင့် ပတ်သက်ပြီး ဖြေရှင်းရန် တာဝန်ရှိသူ ပြည်ထဲရေးဝန်ကြီး ကွန်စတန်တီနပ်စ် ပီထရိုက်စ်က ဆိုက်ပရပ်စ်သို့ ဝင်ရောက်နေသော ဒုက္ခသည်များမှာ တစ်လကို တစ်ထောင်ထက် တိုးနေကြောင်း ဆိုသည်။(Xinhua)