Connect with us

Africa & Middle East

လစ်ဗျားနိုင်ငံခြားရေးဝန်ကြီးဌာန အတိုက်ခိုက်ခံရမှုကြောင့် လူ ၂ ဦး သေဆုံး

တိုက်ခိုက်မှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအားတွေ့ရစဉ် (ဆင်ဟွာ)

ထရီပိုလီ၊ ဒီဇင်ဘာ ၂၆ ရက်(ဆင်ဟွာ)

လစ်ဗျားနိုင်ငံ မြို့တော်ထရီပိုလီရှိ လစ်ဗျား အမျိုးသားညီညွှတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန သည် ဒီဇင်ဘာ ၂၅ ရက်က တိုက်ခိုက်ခံရရာ အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာနရုံးအနီးတွင် ရပ်နားထားသော မော်တော်ယာဉ်တစ်စီးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် အမည်မသိလက်နက်ကိုင် တစ်စုက နိုင်ငံခြားရေးဝန်ကြီးဌာနရုံးသို့ ဝင်ရောက်စီးနင်းရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှု များ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ၊ ဝန်ကြီးရုံးအတွင်းတွင်လည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း လစ်ဗျားနိုင်ငံခြားရေးဝန်ကြီးဌာနသတင်းအရင်းအမြစ်က ပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂ ဦးသေဆုံးခဲ့ရာ တစ်ဦးမှာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းဖြစ်ပြီး ကျန်တစ်ဦးမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်း သိရသည်။

တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ လက်ရှိတွင် မည်သည့်အဖွဲ့အစည်းကမျှ ကြေညာထားခြင်းမရှိသေးကြောင်း သိရသည်။

၂၀၁၁ ခုနှစ်တွင် လစ်ဗျား နိုင်ငံ၌ ကဒါဖီ အစိုးရ ဖြုတ်ချခံခဲ့ရပြီးနောက် လစ်ဗျား နိုင်ငံ ပြည်တွင်း အခြေအနေမှာ တည်ငြိမ်မှု မရှိဖြစ်ခဲ့ရသည်။ လက်ရှိချိန်တွင် အဓိက အင်အားစု နှစ်ခုအကြား နယ်မြေများ ထိန်းချုပ်ရေး ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားနေသလို နေရာဒေသအများအပြားတွင် အုပ်ချုပ်သူ အစိုးရမရှိသည့်အနေအထားမျိုးဖြစ်နေသည်။ လစ်ဗျား အမျိုးသားညီညွှတ်ရေးအစိုးရနှင့် ၎င်းအား ထောက်ခံသည့်လက်နက်ကိုင်အဖွဲ့အစည်းတို့က နိုင်ငံအနောက်ပိုင်းဒေသအချို့အား ထိန်းချုပ်ထားကြောင်း၊ ပြည်သူ့ကိုယ်စားပြု အစည်းအရုံးက နိုင်ငံအရှေ့ပိုင်းရှိ Tobruk မြို့တွင် အစိုးရအဖွဲ့ သီးသန့်ဖွဲ့စည်းပြီး Khalifa Haftar ဦးဆောင်သည့် ပြည်သူ့စစ်တပ်ဖွဲ့နှင့် မဟာမိတ်ဖွဲ့ ကာ လစ်ဗျားနိုင်ငံ အရှေ့ပိုင်းနှင့်အလယ်ပိုင်းဒေသများ၊ တောင်ပိုင်းအဓိကမြို့ များနှင့် အနောက်ပိုင်း မြို့အချို့ကို ထိန်းချုပ်ထားကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.