Africa & Middle East
အယ်ကိုင်ဒါစစ်သွေးကြွများ သတ်ဖြတ်ခဲ့သည့် စစ်သား၄၅ဦးကို ဆီးရီးယားစစ်တပ် တူးဖော်တွေ့ရှိ
![Abu al-Duhur လေတပ်အခြေစိုက်စခန်း အနီး၌ စစ်သား၄၅ဦး၏ ရုပ်အလောင်းများကို ဆီးရီးယားစစ်တပ် က တူးဖော်တွေ့ရှိစဉ် (ဓါတ်ပုံ-အင်တာနက်)](https://xinhuamyanmar.com/wp-content/uploads/2018/01/images_world_2018_01_31e1.jpg)
ဒမတ်စကပ်စ်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)
ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Idlib ပြည်နယ် ရှိ အဓိကကျသော လေတပ်စခန်းတစ်ခု အနီးတွင် အယ်လ်ကိုင်ဒါစစ်သွေးကြွများနှင့် ဆက်စပ်နေသည့် စစ်သွေးကြွအုပ်စုက သတ်ဖြတ်ခဲ့သော စစ်သား ၄၅ဦး၏ ရုပ်အလောင်းများကို ဆီးရီးယား စစ်တပ်က တူးဖော်တွေ့ရှိခဲ့ကြောင်း ပြည်တွင်းသတင်းဋ္ဌာနက ဇန်နဝါရီ ၃၀ရက်တွင်ဖော်ပြခဲ့သည်။
ရုပ်အလောင်းများကို Abu al-Duhur လေတပ်အခြေစိုက်စခန်း အနီးတွင် ဆီးရီးယားတပ်ဖွဲ့ဝင်များ နှင့် ဆီးရီးယားအာရပ်လခြမ်းနီအဖွဲ့တို့ ပူးပေါင်းရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း pan-Arab al-Mayadeen ရုပ်သံလိုင်းကဖော်ပြခဲ့သည်။
သေဆုံးနေသည့် စစ်သားအများစုကို အယ်လ်ကိုင်ဒါနှင့်ဆက်စပ်နေသော Nusra တပ်ဦး စစ်သွေးကြွအဖွဲ့ (ခေါ်) LLC အဖွဲ့က ဦးခေါင်းအား သေနတ်ဖြင့် ပစ်ခတ်ခြင်း (သို့) ခေါင်းဖြတ် သတ်ဖြတ်ခြင်းများပြုလုပ်ထားကြောင်း သတင်း၌ဖော်ပြခဲ့သည်။
အဆိုပါ အခြေစိုက်စခန်းအတွင်း နှင့် အနီးပတ်ဝန်းကျင်ဧရိယာတွင် ရုပ်အလောင်းများ ထပ်မံတွေ့ရှိလိမ့်မည်ဟု ယူဆရကြောင်း သိရသည်။
Abu al-Duhur လေတပ်အခြေစိုက်စခန်း အနီး၌ စစ်သား၄၅ဦး၏ ရုပ်အလောင်းများကို ဆီးရီးယားစစ်တပ် က တူးဖော်တွေ့ရှိစဉ် (ဓါတ်ပုံ-အင်တာနက်)
Abu al-Duhur လေတပ်အခြေစိုက်စခန်း အနီး၌ စစ်သား၄၅ဦး၏ ရုပ်အလောင်းများကို ဆီးရီးယားစစ်တပ် က တူးဖော်တွေ့ရှိစဉ် (ဓါတ်ပုံ-အင်တာနက်)
Abu al-Duhur လေတပ်အခြေစိုက်စခန်း အနီး၌ စစ်သား၄၅ဦး၏ ရုပ်အလောင်းများကို ဆီးရီးယားစစ်တပ် က တူးဖော်တွေ့ရှိစဉ် (ဓါတ်ပုံ-အင်တာနက်)
အစွန်းရောက်စစ်သွေးကြွ များ သည် လေတပ်စခန်းအား ၂၀၁၅ခုနှစ်တွင် သိမ်းပိုက်ခဲ့ပြီး စစ်သားအများအပြားကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ ဆီးရီးယားစစ်တပ်သည် စစ်သွေးကြွများ နှင့် အပြင်းအထန်တိုက်ပွဲများဖြစ်ပွားပြီးနောက် ဇန်နဝါရီ ၂၀ရက်တွင် အဆိုပါစခန်းအား အပြည့်အဝပြန်လည်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
Abu al-Duhur လေတပ်အခြေစိုက်စခန်း နှင့် နာမည်တူမြို့အား သိမ်းပိုက်လိုက်နိုင်ခြင်းသည် LLC စစ်သွေးကြွတို့ရှိနေသော ၁၂၀၀ စတုရန်းကီလိုမီတာ ဧရိယာ အား ဆီးရီးယားစစ်တပ်အနေဖြင့် ဝိုင်းဝန်းပိတ်ဆို့နိုင်သွားခြင်းဖြစ်ကြောင်း သိရသည်။
Idlib ပြည်နယ်သည် မတူညီသော နယ်မြေများမှ များစွာသော သူပုန်အုပ်စုများအတွက် ခိုလှုံရာဖြစ်လာပြီး ၎င်းတို့အနက်အချို့ကို တူရကီနိုင်ငံက ထောက်ပံ့ပေးထားကာ Nusra တပ်ဦးကဲ့သို့ အကြမ်းဖက်အုပ်စုများလည်း ခိုအောင်းလျက်ရှိကြောင်း သိရသည်။ (Xinhua)