Connect with us

Africa & Middle East

အာဖဂန်နစ္စတန်တွင် ကားသုံးစီး တိုက်မိမှုကြောင့် ၁၀ဦးသေ၊ ၅၀ဒဏ်ရာရရှိ

Kabul-Kandahar အမြန်လမ်းတွင် ၂၀၁၅ခုနှစ်က ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု တစ်ခုအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အာဖဂန်နစ္စတန်၊ မေလ ၈ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် အရှေ့ပိုင်း Ghazni ပြည်နယ် တွင် မေလ ၈ရက်က ကားသုံးစီး တိုက်မိမှုကြောင့် အနည်းဆုံး လူ၁၀ဦး သေဆုံးပြီး၊ ၅၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူ တစ်ဦး ကပြောကြားခဲ့သည်။

Muqur ခရိုင် Laram ဒေသရှိ Kabul-Kandahar အမြန်လမ်းတွင် ခရီးဝေးသွား ဘတ်စ်ကား နှစ်စီး နှင့် ဆီတင်ထရပ်ကား တစ်စီး တိုက်မိခဲ့ကြောင်း တာဝန်ရှိသူက ဆင်ဟွာသို့ပြောကြားခဲ့သည်။

ယာဉ်တိုက်မှုသည် ဒေသစံတော်ချိန် ၆း၄၀နာရီတွင် ဖြစ်ပွားခဲ့ပြီး ကနဦး သတင်းရရှိချက်များအရ အခင်းဖြစ်ပွား ရာ၌ ၁၀ဦး သေဆုံးခဲ့ပြီး ၅၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ယာဉ်တိုက်မှုကြောင့် ယာဉ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားပြီးမကြာမီ အာဖဂန် စစ်တပ်နှင့် ရဲတပ်ဖွဲ့များ အခင်းဖြစ်ပွားရာသို့ရောက်ရှိလာပြီး မီးလောင်ဒဏ်ရာရှိသူများနှင့် ယာဉ်တိုက်မှုကြောင့် အရိုးကျိုးခဲ့သူများကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူက ဒဏ်ရာရရှိသူများတွင် အခြေအနေ ဆိုးရွားသူများ ပါဝင်နေသည့်အတွက် သေဆုံးသူဦးရေ ပိုမို တိုးလာနိုင်ကြောင်း ပြောကြားခဲ့သည်။

ဘတ်စ်ကား နှစ်စီးသည် အာဖဂန် မြို့တော် ကဘူးလ် မှ တောင်ပိုင်း Kandahar ပြည်နယ်သို့ သွားနေခြင်း ဖြစ်ကြောင်း သိရသည်။

မဆင်မခြင်မောင်းနှင်မှု သည့် ယာဉ်မတော်တဆဖြစ်ရခြင်း၏ အကြောင်းအရင်းဖြစ်ပြီး အသေးစိတ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.