Connect with us

Africa & Middle East

အာဖဂန်နစ္စတန်တွင် ယာဉ်သုံးစီး တိုက်မိမှုကြောင့် သေဆုံးသူ ၇၃ ဦး အထိရှိလာ

အာဖဂန်နစ္စတန်တွင် ယာဉ်သုံးစီး တိုက်မိမှုကြောင့် ဒဏ်ရာရရှိသူ တစ်ဦးအား သယ်ဆောင်လာစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်၊ မေ ၉ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် အရှေ့ပိုင်း Ghazni ပြည်နယ်တွင် ယာဉ်မတော်တဆ ဖြစ်မှုကြောင့် သေဆုံးသူ ဦးရေသည် ၇၃ ဦး ရှိလာကြောင်း ပြည်သူ့ကျန်းမာရေး ဝန်ကြီးဋ္ဌာန ပြောရေး ဆိုခွင့်ရှိသူက မေလ ၈ ရက်တွင် ပြောကြား ခဲ့သည်။

ပြောရေး ဆိုခွင့်ရှိသူ Ismahil Qawoosi က Ghazni ပြည်နယ်တွင် မေလ ၈ ရက် နံနက်ပိုင်းက ဘတ်စ်ကား နှစ်စီး နှင့် ဆီတင် ထရပ်ကား တစ်စီး တိုက်မိခဲ့၍ စုစုပေါင်း ၇၃ ဦး သေဆုံးက အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ယာဉ်တိုက်မှုသည် ဒေသ စံတော်ချိန် ၆း၃၀ နာရီတွင် Muqur ခရိုင် Laram ဒေသရှိ Kabul-Kandahar အမြန်လမ်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် ကားများ မီးလောင်ကျွမ်းခဲ့ပြီး ကျိုးပဲ့ ဒဏ်ရာ ရရှိသူများ နှင့် မီးလောင်ဒဏ်ရာ ရရှိသူများကို နီးစပ်ရာ ဆေးရုံ အသီးသီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Qawoosi က ဒဏ်ရာရရှိသူ ၁၃ ဦးကို Kandahar ပြည်နယ် တောင်ပိုင်းရှိ ဆေးရုံ တစ်ခုသို့ ရွှေ့ပြောင်း ပို့ဆောင်ပေးခဲ့ပြီး အခြား ဒဏ်ရာရရှိသူ အများအပြားကို Ghazni မြို့နှင့် Kabul မြို့ရှိ ဆေးရုံများသို့ အသီးသီး ပို့ဆောင်ပေးခဲ့ကာ သေဆုံးသူ အရေအတွက် မြင့်တက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။
ဒေသခံ တာဝန်ရှိသူများ၏ ပြောကြားချက်အရ ဘတ်စ်ကား နှစ်စီးသည် သာမန်ထက်ပို၍ လူ ၁၂၀ ကျော် အပြည့်အကျပ် တင်ဆောင်လာကြောင်း သိရသည်။
ယာဉ်တိုက်မှု ဖြစ်ပွားပြီး မကြာမီ အာဖဂန် စစ်တပ်နှင့် ရဲတပ်ဖွဲ့များ အခင်းဖြစ်ပွားရာသို့ အလျင်အမြန် ရောက်ရှိ လာခဲ့ကြကြောင်း သိရသည်။
ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ Jawid Salangi က ဒဏ်ရာရရှိသူ ၁၅ ဦးသည် အခြေအနေ စိုးရမ်ရ၍ ၎င်းတို့အား စစ်တပ်ယာဉ် နှင့် အရေးပေါ် လူနာတင်ကားများ ဖြင့် Kabul မြို့သို့ ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့ အထဲတွင် အမျိုးသမီး ၆ ဦးနှင့် ကလေး ၃ဦး ပါဝင်ကြောင်း ဆင်ဟွာ သတင်းဋ္ဌာနသို့ ပြောကြားခဲ့သည်။
ဘတ်စ်ကား နှစ်စီးသည် အာဖဂန် မြို့တော် ကဘူးလ် မှ တောင်ပိုင်း Kandahar ပြည်နယ်သို့ သွားနေခြင်း ဖြစ်ကြောင်း သိရသည်။
မဆင်မခြင် မောင်းနှင်မှုသည် လူသေဆုံးမှု များပြားခဲ့သော ယာဉ်မတော်တဆ ဖြစ်ရခြင်း၏ အကြောင်းရင်း ဖြစ်ပြီး အသေးစိတ်ကို စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ကြောင်း ဒေသခံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.