Connect with us

Africa & Middle East

အီဂျစ်နိုင်ငံ မြို့တော်တောင်ပိုင်းတွင် သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၈ဦး သေဆုံး

Ansar Beit Al-Maqdes စစ်သွေးကြွ အဖွဲ့ အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကိုင်ရို၊ မေလ ၈ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရို တောင်ပိုင်း Helwan ဒေသ တွင် မေလ ၈ရက်နေ့ နံနက်ပိုင်းက သေနတ်သမား များ ၏ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၈ဦး သေဆုံး ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာန က မေလ ၈ရက် တွင်ပြောကြားခဲ့သည်။

ပစ်ကပ် ထရပ်ကား အား စီးနင်းလာသည့် လက်နက်ကိုင်လေးဦး သည် လုံခြုံရေး ဆောင်ရွက်နေသည့် မီနီဗင်ကား အတွင်းမှ ရဲတပ်ဖွဲ့များကို ရိုင်ဖယ်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဝန်ကြီးဋ္ဌာနကပြောကြားခဲ့သည်။

သေဆုံးသူများထဲတွင် ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးပါဝင်ကြောင်း သိရသည်။

အလားတူ တိုက်ခိုက်မှုများကို အီဂျစ် သမ္မတ မော်စီကို စစ်တပ်မှ ဖြုတ်ချလိုက်သည့် ၂၀၁၃ခုနှစ်နောက်ပိုင်း တွင် ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု များအတွင်း ရဲတပ်ဖွဲ့ဝင် နှင့် စစ်သားများစွာ သေဆုံးခဲ့ရသည်။

တိုက်ခိုက်မှု အများစုကို Sinai ရှိ IS စစ်သွေးကြွအဖွဲ့ကို သစ္စာခံထားသည့် Ansar Beit Al-Maqdes စစ်သွေးကြွ အဖွဲ့ က ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)